သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား စစ်အစိုးရအပေါ်ဒဏ်ခတ်မှု သက်တမ်းတိုး

သမ္မတအိုဘားမား စစ်အစိုးရအပေါ်ဒဏ်ခတ်မှု သက်တမ်းတိုး
သမ္မတအိုဘားမား စစ်အစိုးရအပေါ်ဒဏ်ခတ်မှု သက်တမ်းတိုး

မြန်မာစစ်အစိုးရအပေါ် စီးပွားရေးဒဏ်ခတ်ထားတာကို နောက်ထပ် တနှစ်သက်တမ်းတိုးဖို့ သမ္မတအိုဘားမား (Barack Obama) လက်မှတ် ရေးထိုးလိုက်တဲ့အကြောင်း မေလ ၁၄ရက်နေ့စွဲနဲ့ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်အစိုးရရဲ့လုပ်ရပ်တွေ၊ မူဝါဒတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ ထူးထူးကဲကဲ ဆက်လက်အန္တရာယ်ပြု ခြိမ်းခြောက်နေတာကြောင့် ၁၉၉၇ ခုနှစ် မေလ ၂၀ရက်နေ့ က အမေရိကန်ပြည်ထောင်စု အမျိုးသားအရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ကို ၂၀၀၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က သမ္မတရဲ့ အုပ်ချုပ်မှုအာဏာအရ အမိန့်ပြန်တမ်းအမှတ် ၁၃၃၁၀၊ ၂၀၀၇ ခုနှစ် အောက်တိုဘာ လ ၁၈ ရက်နေ့က အမိန့်ပြန်တမ်းအမှတ် ၁၃၄၄၈၊ ၂၀၀၈ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က အမိန့်ပြန်တမ်းအမှတ် ၁၃၄၆၄ တို့နဲ့ အသီးသီးထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၀ ပြည့်နှစ် မေလ ၂၀ ရက်နေ့ကစပြီး ဆက်လက်အကျိုးသက် ရောက်မှုရှိအောင် နောက်ထပ် တနှစ်သက်တမ်းတိုးဖို့ သမ္မတအိုဘားမား ကိုယ်တိုင် ၂၀၁၀ပြည့်နှစ် မေလ ၁၃ ရက်နေ့ နေ့စွဲနဲ့ လက်မှတ်ထိုးလိုက်တဲ့အကြောင်း အိမ်ဖြူတော်က သောကြာနေ့ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်အစိုးရက ဒီမိုကရေစီရေး အတိုက်အခံတွေကို အကြီးအကျယ်ဖိနှိပ်၊ နှိပ်ကွပ်နေတာကြောင့် ၁၉၉၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့နောက်ပိုင်း အမေရိကန်ပြည်ထောင်စုက ရင်းနှီးမြုပ်နှံမှု အသစ်တွေမလုပ်ဖို့ တားမြစ် ပိတ်ပင်တဲ့ ဥပဒေကို ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲ့ပြီး ၁၉၉၇ ခုနှစ် မေလ ၂၀ ရက်နေ့ က သမ္မတအမိန့်ပြန်တမ်းနဲ့ ပြဌာန်းခဲ့ ပါတယ်။ အမေရိကန်သမ္မတရဲ့ နိုင်ငံတကာ စီးပွားရေးရာ အရေးပေါ် လုပ်ပိုင်ခွင့် အာဏာအရ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ မူဝါဒတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် အန္တရာယ်ပြု ခြိမ်းခြောက်နေတာကြောင့် ဒီအမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG