သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှု တိုက်ဖျက်ရေး မြန်မာ-အမေရိကန်ဆွေးနွေး


အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာအစိုးရတို့ကြား လူမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ပထမဆုံးအကြိမ်အဖြစ် ဆွေးနွေးရာမှာ ကျေနပ်အားရမှု ရှိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုက လူမှောင်ခိုမှု တိုက်ဖျက်ရေးရုံးရဲ့ အထူးသံတမန် Luis CdeBaca ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာရဲချုပ် ဗိုလ်မှူးချုပ် ဇော်ဝင်း ဦးဆောင်တဲ့အဖွဲ့တို့ နေပြည်တော်မှာ ဒီလဆန်းက တွေ့ဆုံရာမှာ အလေးအနက် ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့ကပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ လိင်လုပ်ငန်းအတွက် လူတွေကို မှောင်ခိုမှု၊ အရွယ်မရောက်သူတွေကို ဥပဒေမဲ့ စုဆောင်းပြီး စစ်သားအဖြစ် ခိုင်းစေမှု စတဲ့ကိစ္စရပ် အများအပြားကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အထူးသဖြင့်ကတော့ လူမှောင်ခိုမှုရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေအတွက် အဓိက အာရုံစိုက် ဆောင်ရွက်ဖို့နဲ့ အပြစ်ကျူးလွန်သူတွေကိုလည်း အရေးယူနိုင်ဖို့တွေကို ၂ နိုင်ငံ အရာရှိတွေ ဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးမှုတွေဟာ အကျိုးဖြစ်ထွန်းမှု ရှိသလို၊ လူမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ၂ နိုင်ငံ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း သဘောတူညီမှု ရခဲ့တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်က ဖော်ပြပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ၂၀၁၃ ခုနှစ်အတွက် ထုတ်ပြန်တဲ့ ကမ္ဘာတဝှမ်း လူမှောင်ခိုမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံ ဟာ စောင့်ကြည့်ရမယ့် အဆင့်မှာရှိတဲ့ တိုင်းပြည်တခုအဖြစ် သတ်မှတ်
ဖော်ပြထားပါတယ်။
XS
SM
MD
LG