သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးတိုက်ဖျက်ရေး ပျက်ကွက်တဲ့၂၂ နိုင်ငံထဲ မြန်မာပါဝင်


ရှမ်းပြည်နယ်အတွင်းက ဘိန်းစိုက်ခင်း။
ရှမ်းပြည်နယ်အတွင်းက ဘိန်းစိုက်ခင်း။

မူးယစ်ဆေးတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ ၂၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ အမေရိကန်သမ္မတက သတ်မှတ်လိုက်ပါတယ်။ နိုင်ငံခြားဆက်ဆံရေး ခွင့်ပြုမိန့်ချမှတ်ရေးဆိုင်ရာ အက်ဥပဒေ (FRAA) အရ အမေရိကန်နိုင်ငံကို သိသိသာသာ ထိခိုက်မှုရှိစေတဲ့ ကမ္ဘာပေါ်က အဓိက ဘိန်းထုတ်လုပ်တဲ့နိုင်ငံတွေနဲ့ တဆင့်ဖြန့်ချီတဲ့နိုင်ငံတွေရဲ့ စာရင်းကို သမ္မတက သတ်မှတ်ပြီး လွှတ်တော်ကို နှစ်စဉ်တင်းသွင်းရတာဖြစ်ပါတယ်။

အဲဒီထဲက မြန်မာ၊ ဘိုလီဗီယားနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ဟာ လွန်ခဲ့တဲ့ ၁ နှစ်အတွင်း နိုင်ငံတကာ မူးယစ်ဆေးတိုက်ဖျက်မှု သဘောတူ စာချုပ်မှာပါတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ လုံလောက်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သဘောတူစာချုပ်မှာပါတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ နိုင်ငံတွေအနေနဲ့ ပျက်ကွယ်တယ်လို့ သတ်မှတ်ခြင်းခံရတယ်ဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံလာရနိုင်ပါတယ်။

ဒါပေမဲ့ အက်ဥပဒေ FRAA အက်ဥပဒေပြဌာန်းချက်တွေအရတော့ မြန်မာနဲ့ ဗင်နီဇွဲလားနိုင်ငံတွေကို ပေးနေတဲ့ အကူအညီတွေဟာ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ဆက်ပြီးတော့ အရေးပါနေတဲ့အတွက် မြန်မာနဲ့ ဗင်နီဇွဲလားနိုင်ငံတွေကို ဒဏ်ခတ်အရေးယူမှုတွေ မလုပ်ဘဲ ကင်းလွတ်ခွင့်ပေးနိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအက်ဥပဒေအရ အမေရိကန်နိုင်ငံကို သိသိသာသာ ထိခိုက်မှုရှိတဲ့ အဓိက အက်ဥပဒေ တကယ်လို့ ကင်းလွှတ်ခွင့်မရှိရင်တောင်မှ လူသားချင်းစာနာတဲ့ အကူအညီနဲ့ မူးယစ်ဆေးတိုက်ဖျက်တဲ့ အကူအညီတွေကို ဆက်လက်ပေးနိုင်ခွင့်ရှိတယ်လို့သတ်မှတ်ထားပါတယ်။

အမေရိကန်သမ္မတက အခုနှစ်အတွင်း ကမ္ဘာပေါ်က အဓိကဘိန်းထုတ်လုပ်တဲ့နိုင်ငံတွေနဲ့ တဆင့်ခံဖြန့်ချီတဲ့နိုင်ငံတွေလို့ သတ်မှတ်လိုက်တဲ့ နိုင်ငံတွေထဲမှာ အာရှက မြန်မာ၊ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ လာအိုနိုင်ငံတွေဖြစ်ပြီး ကျန်တဲ့နိုင်ငံတွေက လက်တင် အမေရိကတိုက်က ဖြစ်ပါတယ်။

UNODC ကုလသမဂ္ဂ မူးယစ်ဆေးတိုက်ဖျက်ရေးအစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ စိတ်ကြွဆေးအများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး ဒုတိယ ဘိန်းအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG