သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးဒုက္ခသည်တွေကို အမေရိကန် ကူညီမည်

Flood
1/15 Flood
အသေးစိတ် ဖတ်ရှုရန် Show less
Flood
2/15 Flood
အသေးစိတ် ဖတ်ရှုရန် Show less
Flood
3/15 Flood
အသေးစိတ် ဖတ်ရှုရန် Show less
Flood
4/15 Flood
အသေးစိတ် ဖတ်ရှုရန် Show less
Flood
5/15 Flood
အသေးစိတ် ဖတ်ရှုရန် Show less
Flood
6/15 Flood
အသေးစိတ် ဖတ်ရှုရန် Show less
Flood
7/15 Flood
အသေးစိတ် ဖတ်ရှုရန် Show less
Flood
8/15 Flood
အသေးစိတ် ဖတ်ရှုရန် Show less
Flood
9/15 Flood
အသေးစိတ် ဖတ်ရှုရန် Show less
Flood
10/15 Flood
အသေးစိတ် ဖတ်ရှုရန် Show less
Flood
11/15 Flood
အသေးစိတ် ဖတ်ရှုရန် Show less
Flood
12/15 Flood
အသေးစိတ် ဖတ်ရှုရန် Show less
Flood
13/15 Flood
အသေးစိတ် ဖတ်ရှုရန် Show less
Flood
14/15 Flood
အသေးစိတ် ဖတ်ရှုရန် Show less
Flood
15/15 Flood
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

လူပေါင်းသိန်းနဲ့ချီ ဒုက္ခရောက်နေကြတဲ့ ရေဘေးဒဏ်သင့်သူတွေအတွက် အမေရိကန် အပါအဝင် နိုင်ငံတကာက စတင်ကူညီဖို့ ပြင်ဆင်နေကြပါပြီ။ ရေဘေးဒုက္ခသည်တွေ အတွက် အရေးပေါ် အရေးတကြီး ကူညီဖို့ မြန်မာအစိုးရက နိုင်ငံတကာကို ပန်ကြားခံခဲ့ပြီး နောက်မှာပဲ အကူအညီတွေ စတင်ဝင်ရောက်လာနေတာပါ။ အပြည့်အစုံကိုတော့ မဆုမွန် တင်ပြထားပါတယ်။

မြန်မာနိုင်ငံတဝှမ်း ရေဘေးနဲ့ အကြီးအကျယ် ရင်ဆိုင်ခဲ့ရပြီးနောက် နိုင်ငံတကာက အကူအညီ အထောက်အပံ့တွေ စတင်ဝင်ရောက် လာနေသလို၊ အမေရိကန်ကလည်း ကူညီဖို့ ကတိပြုလိုက်တာပါ။ အရေးပေါ် အကူအညီပေးအပ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ မကြာခင် ကြေညာဖို့လည်း စီစဉ်နေပြီ ဖြစ်တဲ့အကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN နဲ့ အမေရိကန်ပြည်ထောင်စုအကြား ဆွေးနွေးပွဲအတွင်း ဝန်ကြီးကယ်ရီက ပြောကြားခဲ့တာပါ။

“ကျနော်တို့ ပူးတွဲပြီး ကူညီ ထူထောင်ထားတဲ့ အရေးပေါ် ကူညီကယ်ဆယ် ရေးဌာနနဲ့ ရန်ကုန်မြို့မှာရှိတဲ့ ကျနော်တို့သံရုံးက အနီးကပ် ပူးပေါင်း ညှိနှိုင်းနေပါတယ်။ မြန်မာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်း ပြီး အကူအညီတွေ ဘယ်ကိုပို့မယ်ဆိုတာ အတိအကျသိရတာနဲ့ ရေဘေး ကူညီကယ်ဆယ်ရေး အစီအစဉ်တခုကို ကျနော်တို့ မကြာခင်ကြေညာမှာဖြစ်ပါတယ်။"

ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ လူသားချင်းစာနာမှုအကူအညီ စားနပ်ရိက္ခာနဲ့ ဆေးဝါးထောက်ပံ့မှုတွေ ပြုလုပ်နိုင်ဖို့အရေး ရေဘေးအလှူပေးကြဖို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂကို ပန်ကြားခဲ့တာဖြစ်ပါတယ်။

အခုဆိုရင်တော့ ဂျပန်၊ ထိုင်း၊ ဗီယက်နမ်စတဲ့ ဒေသတွင်းနိုင်ငံတွေဘက်က မြန်မာနိုင်ငံကို ငွေကြေးအကူညီတွေ စတင်ပေးနေကြဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးထွန်းက ဗွီအိုအေကိုပြောပါတယ

“ဒီနေ့ဆိုရင် ဂျပန်ကနေပြီးတော့ သူတို့ စောင်တို့၊ တကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်တို့၊ နောက်ပြီး အိပ်ယာခင်းတို့၊ အဲဒါတွေ ဒီနေ့ပထမအသုတ် အနေနဲ့ ရောက်ပါတယ်ခင်ဗျ။ သူတို့ ကျနော်တို့ကို အသိပေးထားတာကတော့ ယန်း ၁၈ သန်းဖိုး၊ အမေရိကန်ဒေါ်လာနဲ့ တွက်ရင်တော့ တသိန်းခွဲဘိုးပေါ့နော်၊ တန်ဘိုးရှိတဲ့ ပစ္စည်းပေါ့နော်၊ ခုနကပစ္စည်းလေးတွေ ၃ သုတ်ခွဲပြီး ရောက်မှာပါခင်ဗျ။ ဒီနေ့ ပထမအသုတ် ရောက်ပါတယ်။ ရန်ကုန်မှာရှိတဲ့ ဂျပန်သံအမတ်ကြီးကနေပြီးတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို ဒီကနေ့ ပထမအသုတ်ကို လွဲှပြောင်းပေးအပ်တယ်လို့ သိရှိရပါတယ်ခင်ဗျာ။ အဲဒါပြီးတော့ ဒီနေ့နေ့လည်မှာ အမေရိကန်ဒေါ်လာ ၂ သောင်းဖိုး ဗီယက်နမ်ကနေပြီးတော့ ရေသန့်ပေါ့နော်၊ ဗီယက်နမ် သံအမတ်ကြီးကနေပြီးတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို ဒီနေ့လွဲှပြောင်း ပေးအပ်တယ်လို့ သိရှိရပါတယ်ခင်ဗျ။ ဒီရက်ပိုင်းအတွင်းမှာ သူတို့ ဘန်ကောက်ဘက်မှာ ဘတ် ၅ သန်းကို မြန်မာဘက်ကို၊ မြန်မာသံအမတ်ကြီးကနေတဆင့် လှူဒါန်းဖို့လည်း လုပ်နေပါတယ်ခင်ဗျ။ ဒီရက်ပိုင်းမှာ သူတို့ လုပ်ဖြစ်ပါမယ်ခင်ဗျ။”

အဓိက မြန်မာနိုင်ငံတဝှမ်းက ရေဘေးသင့်ပြည်သူတွေ အဓိကလိုအပ်နေတဲ့ ဆန်၊ ဆေးဝါးနဲ့ ရေသန့်ပစ္စည်း၊ မိုးကာ ၊ အသက်ကယ်လှေစတဲ့ အခြေခံလိုအပ်ချက်တွေအတွက် နိုင်ငံတကာအလှူရှင်တွေဆီက အဓိက အလှူခံမှာဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

“ရန်ကုန်မှာရှိတဲ့ သံရုံးတွေကို ကျနော်တို့ ပါးစပ်နဲ့ အကြောင်းကြားတဲ့အခါမှာ ဘယ်လိုပစ္စည်းတွေကို ဦးစားပေး လှူပေးဖို့ ဆိုပြီးတော့ ကျနော်တို့ ပြောထားတာ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ ဆန်တို့၊ ဘာတို့ပေါ့။ နောက်ပြီးတော့ ဆေးဝါးတို့၊ နောက်ပြီးတော့ တာပေါ်လင်တို့၊ လှေတို့၊ ရာဘာလှေတို့ အဲဒီလိုမျိုးလေးတွေလေ၊ ကျနော်တို့ သူတို့သံရုံးတွေကိုလည်း အကြောင်းကြားထားပြီးပါပြီခင်ဗျ။ လောလောဆယ်ကတော့ ကျနော်တို့ ပစ္စည်းပဲ အကူအညီတောင်းထားပါတယ်ခင်ဗျ။ ရေကြီးပြီးရင် နောက်ပိုင်းဖြစ်တဲ့ လိုအပ်တဲ့ ဆေးဝါးတွေ၊ နောက်ပြီးတော့ ရေသန့်စက်တွေ၊ အဲဒါလေးတွေကိုတော့ လှူဖို့အထဲ၊ လှူသင့်တယ်ဆိုတဲ့ စာရင်းထဲမှာ ကျနော်တို့ ထည့်ပြီးတော့ သံရုံးတွေကိုတော့ အကြောင်းကြား ထားပါတယ်ခင်ဗျ။”

နိုင်ငံတကာက ရရှိလာတဲ့ အလှူငွေတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် လူမှုဝန်ထမ်း ပြန်လည်နေရာချထားရေးနဲ့ ကယ်ဆယ်ရေးဝန်ကြီးဌာနကို ပေးလှူပြီး လိုအပ်တာတွေကို စီစဉ်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရေဘေးသင့်ပြည်သူတွေ အတွက် ရေဘေးပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် လိုအပ်တာတွေကိုလည်း နိုင်ငံတကာက အလှူခံမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

​
XS
SM
MD
LG