သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အမေရိကန်ပြည်ထောင်စုရဲ့ သဝဏ်လွှာ


၆၇ ကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား နေပြည်တော်မှာ ကျင်းပစဉ်။
၆၇ ကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား နေပြည်တော်မှာ ကျင်းပစဉ်။

၂၀၁၆ နှစ်သစ်ကူးတော့မယ့်အချိန်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှာ မကြာခင် ကျရောက်တော့မယ့် လွတ်လပ်ရေးနေ့အတွက် သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဇန်နဝါရီလ ၄ ရက်နေ့မှာကျရောက်တဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက် သမ္မတ Obama နဲ့ အမေရိကန်ပြည်သူများကိုယ်စား ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

၆၈ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ဟာ သမိုင်းဝင်ပါလီမန် ရွေးကောက်ပွဲကြီး ပြီးစီးခဲ့တဲ့ အချိန်ဖြစ်ပါတယ်။ ပထမအကြိမ် မဲပေးခွင့်ရသူတွေ အပါအဝင် သန်းပေါင်းများစွာသော ပြည်သူတွေဟာ ဒီမိုကရေစီ ပိုမို ပီပြင်ပြီး ငြိမ်းချမ်းကြွယ်ဝတဲ့ အနာဂတ်ရွေးချယ်ခွင့်ကို ဆုပ်ကိုင်နိုင်ခဲ့ကြပါတယ်။

ဒီပန်းတိုင်တွေဆီ ချီတက်ရာမှာ မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံမြဲ ထောက်ခံသွားမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အဆောက်အအုံတွေ ခိုင်မာရေး၊ လူ့အခွင့်အရေးတွေ တိုးမြှင့်ကာကွယ်ရေးနဲ့ ကျယ်ပြန့်ပြီး အားလုံးအကျိုးရှိစေမယ့် စီးပွားရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံနဲ့ ပူးပေါင်းပြီး ဆက်လက် ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

မြန်မာပြည်သူတရပ်လုံး လာမယ့်နှစ်သစ်မှာ ငြိမ်းချမ်းသာယာ ဝပြောပြီး ဘေးရန်ကင်းဝေးကြစေရန် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

John Kerry

နိုင်ငံခြားရေးဝန်ကြီး

ဝါရှင်တန်မြို့တော်

၃၁ ဒီဇင်ဘာ ၂၀၁၅

XS
SM
MD
LG