အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံဖို့ဆိုရင် အမေရိကန်ဘက်က ကြိုတင် စည်းကမ်းသတ်မှတ်ချက်တွေ ထားသင့်တယ်လို့ ဝါရှင်တန်မှာလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ကြပါတယ်။
လက်ရှိအားဖြင့် အမေရိကန်အနေနဲ့ မြန်မာစစ်တပ်နဲ့ နီးနီးကပ်ကပ် အလျှင်စလို ဆက်ဆံလာတဲ့အပေါ်မှာ စိုးရိမ်မကင်း ဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့ကြပါ တယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
ဝါရှင်တန်ဒီစီ Heritage Foundation သုသေသနအဖွဲ့ကြီးမှာ အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး မနေ့ မနက်ပိုင်းက ဆွေးနွေးခဲ့ကြတာပါ။ အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံမှုတွေ အလျှင်စလို လုပ်လာတာဟာ မြန်မာနိုင်ငံ အပြောင်းအလဲကို တွန်းအားပေးရာမရောက်ဘဲ၊ အပြောင်းအလဲကို ပိုပြီးတောင် ထိခိုက်နိုင်တယ်လို့ တတ်ရောက်လာသူတွေက ယူဆကြတဲ့အကြောင်း ဆွေးနွေးပွဲမှာ အဓိက ပါဝင်ဆွေးနွေးသူဖြစ်တဲ့ HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က John Sifton က ဗွီအိုအေကို ပြောပါတယ်။
“မြန်မာစစ်တပ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးတွေ လုပ်ဖို့ အမေရိကန် အစိုးရဘက်က ဆောင်ရွက်လာတဲ့ အခြေအနေတွေအပေါ်မှာ လွှတ်တော်တွင်းနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကြားမှာ စိုးရိမ်ပူပန်မှုတွေ တိုးလာပါတယ်။ အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆွေးနွေးပြောဆိုမှုတွေ ဆက်လုပ်သင့်ပေမယ့်လို့ အပြန်အလှန် ပူးပေါင်း ဆက်ဆံမှုတွေ အလျှင်အမြန် လုပ်မယ်ဆိုရင် အန္တရာယ်ကြီးတယ်ဆိုတာကို ဆွေးနွေးပွဲမှာ အားလုံးက သဘောတူခဲ့ကြပါတယ်။”
“ဒီဆက်ဆံရေး အလျှင်အမြန် လုပ်မယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ မြန်မာစစ်တပ် ပြုပြင်ပြောင်းလဲရေးကို လုပ်နိုင်မှာ မဟုတ်သလို၊ စစ်တပ်က အရပ်သား အစိုးရအပေါ် ထိန်းချုပ်လွှမ်းမိုးမှု ဆက်ပြီး ရှိနေဦးမှာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဆက်ပြီး ဖြစ်နေဦးမှာပါ။ ဘာမှ အပြောင်းအလဲ ရှိလာမှာမဟုတ်ဘူး။ လူတွေကို နှိပ်စက်တဲ့ စစ်တပ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံတယ် ဆိုတာတခုပဲ ကျန်သွားမှာပါ။”
ဆွေးနွေးပွဲအတွင်းမှာ အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ အာရှနဲ့ ပစိဖိတ်ဒေသ ဆပ်ကော်မတီ ဥက္ကဋ္ဌ အိုဟိုင်းရိုးပြည်နယ် အောက်လွှတ်တော် ရီပတ်ဗလစ်ကန်အမတ် Steve Chabot၊ Heritage Foundation အဖွဲ့ဝင်တွေဖြစ်တဲ့ Walter Lohman၊ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က John Sifton နဲ့ U.S. Campaign for Burma အဖွဲ့က Jennifer Quigley တို့ အပါအဝင် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ အရာရှိဟောင်း တဦးဖြစ်တဲ့ Keith Luse တို့ ပါဝင်ဆွေးနွေးခဲ့ကြတာပါ။
နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ဖို့ ဆိုတဲ့နေရာမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှု၊ တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး နိုင်ငံတကာ စံနှုန်းတွေဖြစ်တဲ့ နျူကလီးယား ဇီဝဓာတုလက်နက် စတဲ့ စည်းကမ်း သတ်မှတ်ချက်တွေကို လိုက်နာရေး စတာတွေအပေါ် မူတည်ပြီး တိုးတက်မှု အခြေအနေအလိုက် အဆင့် သတ်မှတ် လုပ်ဆောင်သွားဖို့ လိုတယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။
အခု အမေရိကန်နဲ့ မြန်မာ စစ်ဘက်ဆက်ဆံရေးမှာ လူ့အခွင့်အရေး ဆွေးနွေးမှုတွေ လုပ်တယ်ဆိုတာနဲ့တင် မလုံလောက်ဘူးလို့ HRW က John Sifton က ဗွီအိုအေကို ပြောပါတယ်။
“အမေရိကန်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှုတွေ ရှိတယ်ဆိုတာနဲ့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ ဒီမိုကရေစီ တိုင်းပြည်ကြီး ဖြစ်သွားမှာတော့ မဟုတ်ပါဘူး။ အတော်လေး ခက်ခဲတဲ့ အခြေအနေတော့ ရှိပါတယ်။ ဥပမာဆိုရရင် မြန်မာအနေနဲ့ ကုလသမဂ္ဂရဲ့ လူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးခွဲ ဖွင့်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက လိုလားပါတယ်။ နိုင်ငံအတော်များများမှာ ဒီရုံးခွဲတွေ ရှိတာပါ။ နီပေါမှာရှိတယ်၊ ကမ္ဘောဒီးယားမှာလည်း ရှိပါတယ်။”
“OHCHR ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးခွဲတွေ နိုင်ငံတွေမှာထားတာ အထူးအဆန်း မဟုတ်တော့ပါဘူး။ ရဲ၊ စစ်တပ်၊ တရားရေး စတဲ့ ဌာနတွေမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဒါကိုတောင် မြန်မာအစိုးရက ခွင့်မပြုပါဘူး။ အမေရိကန် အစိုးရအနေနဲ့ စစ်ရေးဆက်ဆံမှု တိုးလုပ်မယ်ဆိုရင် ဒါကို ကြိုတင် သတ်မှတ်မှုတခုလို ထားပြီး ဆက်ဆံသင့်ပါတယ်။ နောက် လူနည်းစု တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အခိုင်အမာ ရှိရမယ်ဆိုတာမျိုး ကြိုတင်သတ်မှတ်မှု ထားသင့်ပါတယ်။”
လက်ရှိ မြန်မာစစ်တပ်အတွင်းက အရာရှိကြီးတွေအနေနဲ့ လက်ရှိ အပြောင်းအလဲမှာ သူတို့အာဏာ သက်ရောက်နေတုန်းပဲဆိုတာ သဘောပေါက်ကြသလို၊ ဒီအပြောင်းအလဲကနေ သူတို့အတွက် စီးပွားရေးအစ အကျိုးအမြတ်တွေ ခံစားခွင့် ရနေကြတယ်လို့ John Sifton က ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ တရုတ်စစ်တပ်အကြား ဆက်ဆံရေး၊ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု စတာတွေအပေါ် ချိန်ခွင်လျှာ ညှိနှိုင်းဖို့ အမေရိကန်အနေနဲ့ နှစ်ဘက် စစ်ရေးဆက်ဆံမှု တိုးမြှင့်ဖို့ လိုအပ်တယ်ဆိုတဲ့ အယူအဆဟာလည်း လက်တွေ့မကျကြောင်း ဆွေးနွေးခဲ့ပါတယ်။
အမေရိကန်အနေနဲ့ မြန်မာ့ပြုပြင်ပြောင်းလဲမှုကို ထောက်ခံတဲ့အကြောင်း သမ္မတ အိုဘားမားကိုယ်တိုင် မြန်မာပြည်ကိုသွားပြီး ရှင်းရှင်းလင်းလင်း ရိုးရိုးသားသား ပြသခဲ့ပြီးဖြစ်တာမို့၊ နောက်အဆင့်တွေ တိုးတက်မှုတွေ ဖြစ်လာဖို့ဆိုရင်တော့ ကြိုတင် စည်းမျဉ်းတွေ ထားရမယ်လို့ John Sifton က မြင်ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်အနေနဲ့ နိုင်ငံအတွင်းမှာ ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ ခိုင်မာတဲ့ အခန်းကဏ္ဍကနေ လိုက်နာမှု ဆောင်ရွက်မှုတွေ ရှိနေတယ်ဆိုတာကို သက်သေပြဖို့ လိုနေသေးတယ်လို့လည်း ဆွေးနွေးသူတွေက ထောက်ပြခဲ့ပါတယ်။