သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီး မြန်မာသမ္မတနှင့် တွေ့မည်


အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝီလျံဘန်း(စ်)။ (အောက်တိုဘာလ ၁၆ ရက်၊ ၂၀၁၁)။
အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝီလျံဘန်း(စ်)။ (အောက်တိုဘာလ ၁၆ ရက်၊ ၂၀၁၁)။
အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝီလျံဘန်း(စ်) (William Burns) ဦးဆောင်တဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံ အပါအဝင် အာရှခရီးစဉ်ကို ဒီလ ၁၃ ရက်နေ့က စတင်ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နိုင်ငံခြားရေးဝန်ကြီး ဂမ်ဘ (Gemba)၊ ကာကွယ်ဝန်ကြီး မော်ရီမိုတို (Morimoto) တို့နဲ့ အောက်တိုဘာ ၁၄ နဲ့ ၁၅ ရက်တွေ မှာ တွေ့ဆုံပြီး နိုင်ငံတကာရေးရာ အပြင်၊ အရှေ့အာရှအရေးနဲ့ ဒေသတွင်း အခြေအနေတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ တောင်ကိုးရီးယား အစိုးရ အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံပြီး အမေရိကန်နဲ့ တောင်ကိုးရီးယား မဟာဗျူဟာ ဆွေးနွေးပွဲတွေ ကျင်းပမှာပါ။ အောက်တိုဘာ ၁၇ ရက်နေ့မှာ တရုတ်နိုင်ငံ ဘေဂျင်း ကို သွားပြီး နှစ်နိုင်ငံ ဆက်ဆံရေး၊ ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စတွေကို အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့မှာတော့ မြန်မာအစိုးရရုံး စိုက်တဲ့ နေပြည်တော်ကို သွားပြီး သမ္မတဦးသိန်းစိန် နဲ့ အစိုးရအဖွဲ့ အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒီအဖွဲ့မှာ အရပ်ဘက်နဲ့ စစ်ဘက်အရာရှိ ၃၀ ကျော် ပါဝင်ပြီး ဒုတိယကာကွယ်ရေး ဝန်ကြီး နဲ့ ပစိဖိတ်စစ်ဌာနချုပ် အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး တဦးလည်း ပါဝင်မယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြပါတယ်။

အဲဒီနောက် အမေရိကန် အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီ ကို သွားရောက်ပြီး နှစ်နိုင်ငံ စီးပွားရေး လုံခြုံရေးနဲ့ ကာကွယ်ရေး အပါအဝင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးနဲ့ အဖွဲ့ဟာ ခရီးစဉ်ကို အောက်တိုဘာလ ၂၀ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG