သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အမတ်တွေ ဒေါ်စုတွေ့ဖို့ မြန်မာပြည်သွားမည်

အမေရိကန်အမတ်တွေ ဒေါ်စုတွေ့ဖို့ မြန်မာပြည်သွားမည်
အမေရိကန်အမတ်တွေ ဒေါ်စုတွေ့ဖို့ မြန်မာပြည်သွားမည်

အမေရိကန် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံနိုင်ဖို့အတွက် မြန်မာနိုင်ငံကို မကြာခင်သွားဖို့ စီစဉ်နေပါတယ်။ ဒီခရီးစဉ်ကို အမေရိကန် ကွန်ဂရက် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဌနဲ့ ကယ်လီဖိုးနီးယားပြည်နယ် ရီပါပလစ်ကန် အမတ် ဒေနာ ရိုရ်ဘက်ကာ (Dana Rohrabacher) က စီစဉ်တာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရှေ့တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသကို ၂ ပတ်တာသွားမယ့် ခရီးစဉ်မှာ မြန်မာနိုင်ငံကို ဒုတိယမြောက် နိုင်ငံအဖြစ် ဝင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို ပထမသွားမှာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံကို ဝင်ပြီးရင်တော့ ကူဝိတ်ကို လွှတ်တော်အမတ်အဖွဲ့ဟာ ဆက်သွားမယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာကြီးထဲမှာ ဖော်ပြထားပါတယ်။

This item is part of
XS
SM
MD
LG