သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲဝင် ဘူရွန်ဒီလူငယ် ၆ ဦး ပျောက်ဆုံးနေ


စက်ရုပ်ပြိုင်ပွဲဝင် ဘူရွန်ဒီအသင်း။ (ဓာတ်ပုံ - Auriane Itangishaka of VOA's Central Africa Service)
စက်ရုပ်ပြိုင်ပွဲဝင် ဘူရွန်ဒီအသင်း။ (ဓာတ်ပုံ - Auriane Itangishaka of VOA's Central Africa Service)

ဝါရှင်တန်မြို့တော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကျင်းပခဲ့တဲ့ First Global နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ထဲက Burundi စက်ရုပ်အသင်းရဲ့ လူငယ် ၆ ယောက် ပျောက်သွားတဲ့အတွက် ရဲကလိုက်လံရှာဖွေနေပါတယ်။

သူတို့ထဲက အသက် ၁၇ နှစ်အရွယ်မိန်းကလေးနဲ့ ၁၆ နှစ်အရွယ်ယောကျ်းလေးတို့ကတော့ ကနေဒါနိုင်ငံဖက်ကို ဖြတ်ကျော် ဝင်ရောက်သွားကြတယ်လို့ ရဲကအတည်ပြုပါတယ်။ သူတို့ကို အတင်းအဓမ္မခေါ်ဆောင်သွားပုံရတဲ့ အထောက်အထားတွေ မတွေ့ရဘူးလို့ ဝါရှင်တန်မြို့တော်ရဲက ပြောပါတယ်။

Burundi စက်ရုပ်အသင်းက လူငယ် ၆ ယောက်ကို စက်ရုပ်ပြိုင်ပွဲကျင်းပတဲ့နေရာမှာ ကြာသပတေးနေ့ညက နောက်ဆုံးတွေ့ခဲ့ကြရပါတယ်။ စက်ရုပ်ပြိုင်ပွဲ ပိတ်ပွဲပြီးသွားတဲ့နောက် သီးခြားပြန်လာတဲ့ သူတို့အသင်းရဲ့ Mentor အကြံပေးက တည်းခိုရာတဲ့နေရာမှာ လူငယ်တွေကို မတွေ့ရတဲ့နောက် ပျောက်ဆုံးကြောင်း တိုင်ကြားခဲ့တာဖြစ်ပါတယ်။

First Global နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲမှာ မြန်မာလူငယ်အသင်းလည်း ဝင်ရောက် ပြိုင်ဆိုင်ခဲ့ကြပြီး အသင်းပေါင်း ၁၆၃ သင်းမှာ နံပါတ် ၆ နေရာ ရခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG