သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စီးပွားရေးသမားတွေ မြန်မာပြည်သွားမည်


အမေရိကန် စီးပွားရေးသမားတွေ မြန်မာပြည်သွားမည်
အမေရိကန် စီးပွားရေးသမားတွေ မြန်မာပြည်သွားမည်

အမေရိကန် ပြည်ထောင်စုက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန်က ဆက်ဆံရေးတွေ တိုးမြှင့်လာနေချိန်မှာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေ ရှေ့လထဲလောက် သွားဖို့ရှိနေတဲ့အကြောင်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးကို ကိုးကားပြီး ရိုက်တာစ် သတင်းက ဖော်ပြလိုက်တာပါ။

နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) မြန်မာနိုင်ငံကို နိုဝင်ဘာလထဲ သွားရောက်ခဲ့တဲ့အထိ ၂ နိုင်ငံကြား ဆက်ဆံရေးတွေ တိုးတက်လာတာမို့ စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းတွေ ပေါ်ပေါက် လာလိမ့်မယ်လို့လည်း အများကတော့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ဝန်ကြီး ကလင်တန်ရဲ့ ခရီးစဉ် နောက်ပိုင်းမှာလည်း စီးပွားရေး ကိစ္စရပ်တွေအတွက် နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံတွေက သံတမန်တွေနဲ့ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြတာပါ။ အမေရိကန် ကုဋေကြွယ်သူဋ္ဌေး တဦးလည်းဖြစ်၊ လူမှုရေး လုပ်ငန်းတွေလည်း လုပ်ဆောင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင် ဂျော့ဂျ် ဆိုရော့စ် (George Soros) ဟာ ဆိုရင်လည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကုန်ကစလို့ သီတင်း တပတ်ကျော်ကြာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

အမေရိကန် အစိုးရ တာဝန်ရှိသူတွေ ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်မှု ရှိလာတာနဲ့အမျှ တုန့်ပြန်သွားမှာ ဖြစ်တယ်လို့ ပြောထားတာ ဖြစ်ပေမဲ့ လတ်တလောမှာတော့ ပြစ်ဒဏ်ခတ် အရေးယူထားတာတွေ ပြန်လည်ရုပ်သိမ်း ရလောက်တဲ့အထိ တိုးတက်မှုတွေ ရှိတယ်လို့ မယူဆသေးတဲ့ အကြောင်း ပြောဆိုထားကြတာပါ။

လက်ရှိ ချမှတ်ထားတဲ့ ဒဏ်ခတ်မှု ဥပဒေကတော့ အမေရိကန် အခြေစိုက် စီးပွားရေး လုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းသစ်တွေ လုပ်ကိုင်ခွင့်ကို တားမြစ်ထားပါတယ်။

XS
SM
MD
LG