အမေရိကန်ပြည်ထောင်စုက အဖွဲ့ဝင် ၅၀ ပါ ထိပ်တန်း စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ဟာ မြန်မာနိုင်ငံနဲ့ ရင်းနှီးမြှုပ်နှံရေး၊ ကုန်သွယ်ရေးနဲ့ စီးပွားကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အခွင့်အလန်းတွေနဲ့ပတ်သက်ပြီး ဆွေးနွေးလေ့လာဖို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံမှာရောက်နေပါတယ်။
ဒီအဖွဲ့နဲ့ မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေအကြား ဘာတွေ ဆွေးနွေးကြမယ်၊ အမေရိကန်နဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလန်းတွေပွင့်လာတာဟာ မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးရှိစေမယ်ဆိုတာတွေအပြင် ဘယ်လို စိန်ခေါ်မှုတွေ ရှိနေ သလည်းဆိုတာတွေနဲ့ပတ်သက်ပြီး အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးကို ဆက်သွယ် မေးမြန်းပြီးတော့ ဒီ သီတင်းပတ်ရဲ့ တင်ဆက်ထားပါတယ်။