သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတုလက်နက်တွေ အပ်နှံဖို့ ဆီးရီးယားကို အမေရိကန်တောင်းဆို


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
ဆီးရီးယားအစိုးရဟာ ဓာတုလက်နက်တွေကို အသုံးပြုခဲ့တယ်ဆိုတဲ့အပေါ် တုံ့ပြန်အရေးယူတဲ့ စစ်ရေးတိုက်ခိုက်မှုကို သမ္မတ ဘာရှာ အယ်လ် အာဆတ်အနေနဲ့ ရှောင်ရှားချင်တယ်ဆိုရင် ဒီသီတင်းပတ်မကုန်ခင် သူ့ရဲ့ ဓာတုလက်နက်တွေ အကုန်လုံးကို လွှဲပြောင်းပေးအပ်သင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ က ပြောလိုက်ပါတယ်။

မစ္စတာ အာဆတ်ဟာ အဲ့ဒီလိုလုပ်လိမ့်မယ်လို့ သူ မယုံကြည်တဲ့အကြောင်းနဲ့ အခုလိုမျိုး ပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်မှာ အဲ့ဒါတွေ လွှဲပြောင်းဖို့ ဖြစ်နိုင်ပါ့မလားလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက လန်ဒန်မြို့မှာ ဒီကနေ့ ပြောဆိုခဲ့ပါတယ်။ အခုအချိန်အထိ ဆီးရီးယားက ဓာတုလက်နက်တွေကို သမ္မတ အာဆတ်ကို ဗဟိုထားပြီး အင်မတန် တင်းကျပ်တဲ့ ကွန်ယက်နဲ့ ထိန်းချုပ်ထားတယ်ဆိုတာ သမ္မတ အိုဘားမား အစိုးရက ယုံကြည်တယ်လို့ မစ္စတာ ကယ်ရီ က ပြောပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့က ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့အပြင်ဘက်မှာ Sarin အဆိပ်ဓာတ်ငွေ့သုံးပြီး တိုက်ခိုက်ခဲ့တယ်ဆိုတာကို ဒမတ်စကတ်မြို့တော်မှာလုပ်တဲ့ CBS ရုပ်သံဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း မစ္စတာ အာဆတ်က ငြင်းခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောဆိုထားပါ တယ်။
XS
SM
MD
LG