သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ကုမ္ပဏီကို ကမ္ဘောဒီးယားရေလုပ်သားတွေ တရားစွဲ


ထိုင်းနိုင်ငံ Mahachai ပင်လယ်စာ ဈေးမှာ တွေ့ရတဲ့ အမျိုးသမီး အလုပ်သမား။
ထိုင်းနိုင်ငံ Mahachai ပင်လယ်စာ ဈေးမှာ တွေ့ရတဲ့ အမျိုးသမီး အလုပ်သမား။

အမေရိကန်ရေလုပ်ငန်း ကုမ္ပဏီတွေမှာ ကျေးကျွန်တွေလို ခိုင်းစေခံခဲ့ ရတယ်ဆိုပြီး ကမ္ဘောဒီးယားနိင်ငံသား ၇ ဦးတို့ရဲ့တိုင်ကြားချက်တွေကို ကြားနာဖို့ ကယ်လီဖိုးနီး ယား တရားသူကြီးတဦးက ရှေ့နေတွေကို တရားရုံးကို ဆင့်ခေါ်လိုက်ပါတယ်။

ရေလုပ်ငန်းတွေမှာ ကျေးကျွန်တွေလို ခိုင်းစေခံခဲ့ရတယ်ဆိုပြီး ပြောဆိုထားတဲ့ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးဟာ အမေရိကန် ကုမ္ပဏီ အဖြစ် မှတ်ပုံတင်ထား တဲ့ Rubicon Resources and Wales & Co. Universe ကုမ္ပဏီ၊ ထိုင်း လုပ်ငန်းတွေ ဖြစ်တဲ့ Phatthana Seafood နဲ့ S.S. Frozen Food ကုမ္ပဏီ တို့ကို ဂျွန်လ ၁၅ ရက်နေ့က တိုင်ကြားခဲ့ကြတာပါ။ တိုင်ကြားချက်ထဲမှာ သူတို့ကို လိမ်လည်ပြီး အဲ့ဒီကုမ္ပဏီတွေအတွက် ၂၀၁၀ ကနေ ၂၀၁၂ အထိ ၂ နှစ် နီးပါး ကြာအောင် အတင်းအကြပ် ကျေးကျွန်တွေလို ခိုင်းစေခဲ့တယ်လို့ ဖော်ပြထားပါ တယ်။

တိုင်ကြားစာရဲ့အဆိုအရ Phatthana ပုဇွန်လုပ်ငန်းကနေ ကုန်ဝယ်ယူသူတွေထဲမှာ အမေရိကန်အခြေစိုက် Walmart အရောင်းဆိုင်ကြီးတွေ လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

တိုင်ကြားချက်ထဲမှာ သက်သေအထောက်အထားတွေနဲ့ ရှင်းလင်းချက်တွေ ပါဝင်မှု မရှိဘူးဆိုပြီး ကုမ္ပဏီတွေဘက်က ပြောဆိုထားတာပါ။ ဒါကိုချေပဖို့ တရားသူကြီး John F. Walter က ကုမ္ပဏီရှေ့နေကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ တရားရုံးကို ဆင့်ခေါ်ထားပါတယ်။ တရားလိုတွေရဲ့ ရှေ့နေတွေကလည်း နစ်နာခဲ့ရတာတွေကို တင်ပြဖို့ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG