သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန်မှာ ဖောက်ခွဲရေးပစ္စည်းနဲ့ ခြိမ်းခြောက်မှုအတွက် မသင်္ကာသူအမျိုးသား ဖမ်းဆီးခံရ 


ဝါရှင်တန်ဒီစီမြို့တော်က ကားတစင်းပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ ပါလာတယ်လို့ဆိုတဲ့ အမျိုးသားတယောက်ကို ဖမ်းဆီးလိုက်ကြောင်းပြောကြားနေတဲ့ရဲချုပ် Tom Manger Augus 19, 2021.
ဝါရှင်တန်ဒီစီမြို့တော်က ကားတစင်းပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ ပါလာတယ်လို့ဆိုတဲ့ အမျိုးသားတယောက်ကို ဖမ်းဆီးလိုက်ကြောင်းပြောကြားနေတဲ့ရဲချုပ် Tom Manger Augus 19, 2021.

အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က ကားတစင်းပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ ပါလာတယ်လို့ဆိုတဲ့ အမျိုးသားတယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က အသက် ၄၉ နှစ်အရွယ် Floyd Ray Roseberry ဆိုသူ ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့တာပါ။

ဝါရှင်တန်ဒီစီမြို့တော်က လွှတ်တော်အဆောက်အဦးအနီး ကွန်ဂရက်လွှတ်တော် စာကြည့်တိုက်ရှေ့က လူသွားလမ်းပေါ် ကားတစင်း ရပ်ထားတဲ့အကြောင်း သတင်းရတဲ့အတွက် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာမှာ၊ ကားမောင်းသူက သူ့ကားပေါ်မှာ ဗုံးပါလာကြောင်း ရဲကိုပြောခဲ့ပြီး၊ သူ့လက်ထဲမှာလည်း ဖောက်ခွဲရေး စနက်တံကို ကိုင်ထားပုံ တွေ့ခဲ့ရကြောင်း ရဲချုပ် Tom Manger က သတင်းထောက်တွေကို ပြောပါတယ်။

အခင်းဖြစ်တဲ့ အနီးဝန်းကျင်မှာရှိတဲ့ စာကြည့်တိုက်နဲ့ လွှတ်တော်အဆောက်အဦးတွေက လူတွေကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရပြီး၊ မသင်္ကာသူ ကားသမားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဆက်လက် ဆက်သွယ်ပြောဆိုခဲ့တယ်လို့လည်း ပြောပါတယ်။ ကားထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ တကယ်ပါ၊ မပါ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ရဲတပ်ဖွဲ့ဝင်တွေကို ကားသမားက စာရေးပြဆက်သွယ် ပြောဆိုခဲ့သလို၊ ရဲတွေကလည်း Whiteboard တခုနဲ့ စာပြန်ရေးပြီး ဆက်သွယ်ခဲ့တာလို့လည်း အမည်မဖော်လိုသူ တာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြပါတယ်။ ကားသမားက ရဲနဲ့ထိပ်တိုက် ဖြစ်နေတာကို Facebook လူမှုကွန်ရက်ကနေ ထုတ်လွှင့်ခဲ့သလို၊ အစိုးရဆန့်ကျင်တဲ့ စကားတွေ ပြောခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြပေမဲ့ ဒီသတင်းတွေကို ရဲကအတည်မပြုပါဘူး။

-------------------------






XS
SM
MD
LG