သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တင်းမာမှုဖြစ်အောင်မလုပ်ဖို့ မြောက်ကိုရီးယားကို ကန်တိုက်တွန်း


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un

ရေငုပ်သင်္ဘောကနေ ပစ်တဲ့ ပဲ့ထိန်းဒုံးကျည်အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက ပြောလိုက်ပြီးတဲ့နောက်၊ မြောက်ကိုရီးယားအနေနဲ့ ဒေသတွင်းတင်းမာမှုတွေ တိုးလာစေမယ့်လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

ဒီလို ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေမှာ ပဲ့ထိန်းဒုံးနည်းပညာကိုအသုံးပြုတာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို သိသိသာသာ ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကုလသမဂ္ဂက မြောက်ကိုရီးယားနိုင်ငံကို ပဲ့ထိန်းဒုံး နည်းပညာမလုပ်ဖို့ ဒါမှမဟုတ် အသုံးမပြုဖို့ ဒဏ်ခတ်ပိတ်ဆို့ထားတာဖြစ်ပါတယ်။ တောင်ကိုရီးယားသင်္ဘောတွေအနေနဲ့ မြောက်ကိုရီးယားရေပိုင်နက်ထဲကိုဝင်လာခဲ့ရင် ကြိုတင်အသိပေးခြင်းမပြုဘဲ တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ သတိပေးပြီးတရက်အကြာမှာ၊ မြောက်ကိုရီးယားဘက်က အခုလို ပင်လယ်ထဲကို စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား စစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီဒုံးကျည်တွေကို စနေနေ့က အရှေ့ဘက်မှာရှိတဲ့ Wonsan ဆိပ်ကမ်းမြို့နားကနေ ၁ နာရီအတွင်း ပစ်ခတ်တာဖြစ်တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ပြောပါတယ်။

XS
SM
MD
LG