သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတ အမေရိကန်လာမည်

A church is surrounded by blossoming fields of oilseed rape at the village of Strupcice, near the city of Most, Czech Republic.
A church is surrounded by blossoming fields of oilseed rape at the village of Strupcice, near the city of Most, Czech Republic.

တရုတ်သမ္မတ ဟူကျင်းတောင်ဟာ အမေရိကန်ပြည်ထောင်စုကို ဒီလနှောင်းပိုင်းမှာ သွားရောက်မယ့်အကြောင်း တရုတ်နိုင်ငံက အတည်ပြု ပြောဆိုလိုက်ပါတယ်။ ဒီခရီးစဉ်အတွင်း ကိုးရီးယားကျွန်းဆွယ် တင်းမာမှုကိစ္စ ဆွေးနွေးဖွယ်ရှိပါတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ မစ္စတာ ဟူကျင်းတောင် အမေရိကန်ကို သွားရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောကြားလိုက်တာပါ။

သမ္မတ ဟူကျင်းတောင်ဟာ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ အမေရိကန်သမ္မတ အိုဘားမားနဲ့ ဝါရှင်တန်ဒီစီမြို့တော်မှာ ရှိတဲ့ သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။ မစ္စတာ ဟူကျင်းတောင်နဲ့ပတ်သက်တဲ့ တခြားသော ခရီးစဉ်အသေးစိတ်ကိုတော့ တရုတ်နိုင်ငံဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

ကြာသပတေးနေ့က အမေရိကန်သံအမတ် Stephen Bosworth နဲ့ တရုတ်အစိုးရအရာရှိတွေ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ပြီး တရုတ်ရဲ့ အနီးကပ် မဟာမိတ် မြောက်ကိုရီးယားကို နျူကလီးယားလက်နက် စွန့်လွှတ်ရေး ၆ ပါတီဆွေးနွေးပွဲ ပြန်စဖို့နဲ့ တောင်ကိုရီးယားနဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ တရုတ်နိုင်ငံအနေနဲ့ အခုထက်ပိုပြီး ဖိအားပေးဖို့ တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။

This item is part of
XS
SM
MD
LG