သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး ကွဲလွဲချက် ညှိနှိုင်းအဖြေရှာရေး အမေရိကန်နဲ့ တရုတ် သဘောတူ


နှစ်နိုင်ငံ ဆက်ဆံရေးမှာ တင်းမာနေတဲ့ စီးပွါးရေး ဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ အမေရိကန် နဲ့ တရုတ် တာဝန်ရှိသူတွေ ဘေဂျင်းမြို့မှာ ဆွေးနွေးခဲ့ကြရာမှာ တိုးတက်မှုတွေ ရရှိခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး Timothy Geithner က ပြောပါတယ်။

တရုတ်ပြည်တွင်းမှာပဲ နည်းပညာဖြစ်ထွန်းလာအောင် လုပ်ဆောင်တဲ့ ကုမ္ပဏီတွေကို အစိုးရက ကန်ထရိုက်တွေ ချပေးတဲ့မူဝါဒကို တရုတ်ပြည်က ကျင့်သုံးနေတဲ့အတွက် တရုတ်ဈေးကွက်ကို အမေရိကန် ကုမ္ပဏီတွေ ၀င်ရောက်နိုင်ဖို့ အကန့်အသတ်တွေ ရှိနေတယ်လို့ ဂိုက်သ်နာ က ဆိုပါတယ်။

တရုတ်ပြည်ကို ကုန်ပစ္စည်းတင်ပို့တဲ့ နေရာမှာရော တရုတ်ပြည် ဈေးကွက်ကို ၀င်ရောက်ရာမှာပါ အမေရိကန် ကုမ္ပဏီတွေ ကို ပိုပြီး မျှတတဲ့ အခင်းအကျင်းတရပ် ပေးလာတာကို သူ ကြိုဆိုပါတယ်လို့ ဂိုက်သ်နာ က ပြောပါတယ်။

၂ ရက်ကြာ ကျင်းပတဲ့ မဟာဗျူဟာနဲ့ စီးပွားရေး ဆွေးနွေးပွဲအပြီးမှာ သူက သတင်းထောက်တွေကို အင်္ဂါနေ့ က ပြောခဲ့တာပါ။
တရုတ်ရဲ့ စီးပွားရေး မူဝါဒတွေနဲ့ ပတ်သက်ပြီး အမေရိကန်က ရတက်မအေး ဖြစ်နေတာတွေကိုတော့ ဆွေးနွေးပွဲက ပြည့်ပြည့်၀၀ မဖြေရှင်း နိုင်ဘူးလို့ ဂိုက်တ်နာက ပြောပါတယ်။ ဒီ ကိစ္စတွေကို လာမယ့် အပတ်တွေ နဲ့ လတွေ မှာ နှစ်ဘက်လုံးက ဆက်လက် ဆွေးနွေးမယ်လို့ သူ က ပြောပါတယ်။

တရုတ်ပြည်ရဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကမ္ဘာ့ငွေကြေး အကြပ်အတည်းကနေ ပြန်ကောင်းလာတဲ့ အခြေအနေကို တည်ငြိမ်အောင် ကြိုးစားရာမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ တရုတ်နဲ့ အမေရိကန် တာဝန်ရှိသူတွေက သဘောတူကြပါတယ်။ တရုတ် ဒုတိယ ၀န်ကြီးချုပ် Wang Qishan ကတော့ ဆွေးနွေးပွဲကို အောင်မြင်မှုတစ်ရပ်အဖြစ် ပြောပါတယ်။

XS
SM
MD
LG