သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ တရုတ် ပစိဖိတ်မှာ ပြိုင်စရာမလို


တောင် ပစိဖိတ်ဒေသမှာ တရုတ် နိုင်ငံအနေနဲ့ မျှတမှု ပွင်းလင်း မြင်သာမှု ရှိတဲ့ နည်းလမ်းတွေနဲ့ ကျင့်သုံး ဆောင်ရွက်ပါလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က ပြောကြားလိုက်ပါတယ်။ Cook Island ကျွန်းနိုင်ငံမှာ ကျင်းပတဲ့ အဖွဲ့ဝင်နိုင်ငံ ၁၆ ခုပါ ပစိဖိတ်ကျွန်းနိုင်ငံများ ညီလာခံမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ရှေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ၊ ရာသီဥတု ပြောင်းလဲမှုနဲ့ ရေကြောင်းဆိုင်ရာ အကာအကွယ် ပေးရေး စတဲ့ ကဏ္ဍတွေ အတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၃၂ သန်း အကုန်အကျခံပြုလုပ်မယ့် အစီအစဉ်သစ်တွေကိုလည်း ဝန်ကြီး ကလင်တန် ကြေညာသွားပါတယ်။

တောင် ပစိဖိတ်ဒေသမှာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ ပြိုင်ဆိုင်နေကြတယ် ဆိုတဲ့ အမြင်တွေအပေါ် ဒီဒေသဟာ နှစ်နိုင်ငံ စလုံးအတွက် နေရာအလုံအလောက် ရှိပါတယ်လို့ ပြောကြားပြီး ဒီကိစ္စကို သိပ်ပြီး အရေးမကြီးတဲ့ သဘောမျိုးလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ အနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဒေသတွင်းမှာ မျှမျှတတ လုပ်ဖို့ သူက တိုက်တွန်းသွားပါတယ်။

သဘာဝ သယံဇာတတွေကို အမြတ်ထုတ်နေတဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက ဒေသခံနိုင်ငံ ပြည်သူတွေကို ထိခိုက်စေတယ်လို့ တချို့သူတွေက သုံးသပ်နေကြတာ ဖြစ်ပါတယ်။

Cook Island ကျွန်းနိုင်ငံကနေ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ အင်ဒိုနီးရှား၊ တရုတ်၊ ဘရူနိုင်း၊ အရှေ့တီမောနဲ့ ရုရှား နိုင်ငံတွေဆီကို ခရီးဆက်မှာဖြစ်ပါတယ်။
XS
SM
MD
LG