သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် လွှတ်ဖို့ တရုတ်ကို အမေရိကန် တောင်းဆို


နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် လွှတ်ဖို့ တရုတ်ကို အမေရိကန် တောင်းဆို
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် လွှတ်ဖို့ တရုတ်ကို အမေရိကန် တောင်းဆို

တရုတ်နိုင်ငံအနေနဲ့ မနှစ်က နိုဘဲလ်ဆုရခဲ့တဲ့ တရုတ်အတိုက်အခံ လူရှောင်ဘို (Lui Xiabo) ကို အကျဉ်းချ ထားရာကနေ ပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံက ထပ်မံ တောင်းဆိုလိုက်ပါတယ်။ ကမ္ဘာ့နိုဘဲလ်ငြိမ်းချမ်းရေးဆု ကော်မတီက ဒီနှစ်ဆုရှင်တွေကို မနေ့က ကြေညာအပြီးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ ဗစ်တိုးရီးယား နျူလန် က အခုလို တောင်းဆိုလိုက်တာပါ။

တရုတ်အစိုးရအနေနဲ့ လူရှောင်ဘို ရဲ့ဇနီးကို အနှောက်အယှက်ပေးတာတွေ ရပ်တန့်ပေးဖို့နဲ့ တရုတ်ကပေးထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးကတိတွေကို ထိန်းသိမ်းပေးဖို့ကိုလည်း ပြောခွင့်ရှိသူ နျူလန်က တိုက်တွန်း လိုက်ပါတယ်။

လူရှောင်ဘိုဟာ ဒီမိုကရေစီရေး စာတမ်းတစ်ခုကို ပူးတွဲရေးခဲ့တာကြောင့် ၂၀၀၉ ခုနှစ်မှာ အစိုးရကို ပုန်ကန်မှုနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရပါတယ်။ သူဟာ မနှစ်က အောက်တိုဘာမှာတော့ ပထမဆုံး နိုဘဲလ်ဆုရတဲ့ တရုတ်နိုင်ငံသား ဖြစ်လာခဲ့ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ လူရှောင်ဘိုရဲ့ အမျိုးသမီး လူရှီယာ (Liu Xia) ဟာ အစိုးရရဲ့ သီးသန့် ချုပ်ချယ်မှုကို မနှစ်က အောက်တိုဘာလကတည်းက ခံနေရတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG