သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးကိစ္စ တရုတ်ကို အမေရိကန် ဖိအားပေး


တရုတ်ယွမ်ငွေတန်ဖိုးကြောင့် ဖြစ်နေတဲ့ တင်းမာမှုတွေ လျော့သွားအောင် တရုတ်အစိုးရက ပိုပြီးလုပ်ရမယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကို (Wen Jiabao) ပြောခဲ့တယ်လို့ သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်က ပြောပြပါတယ်။

နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဘေးထွက်အဖြစ် ခေါင်းဆောင် ၂ ယောက် ကြာသပတေးနေ့က တွေ့ဆုံကြတာမှာ စီးပွားရေး ကိစ္စတွေက အဓိက လွှမ်းမိုးနေတယ်လို့ အရှေ့အာရှဆိုင်ရာ အမေရိကန် သမ္မတ အကြံပေး ဂျက်ဖ် ဘေဒါ (Jeff Bader) က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်မှုမှာ တရုတ်ယွမ်ငွေတန်ဖိုး နိမ့်နေတဲ့အတွက် အမေရိကန်ဘက်က ကုန်သွယ်ရေးလိုငွေ ပြနေတာကြောင့် ယွမ်ငွေတန်ဖိုးကို တိုးမြှင့်ပေးဖို့ အခုထက်ကို ပိုပြီး ဆောင်ရွက်ဖို့ သမ္မတ အိုဘားမားက တရုတ်ခေါင်းဆောင်ကို ပြောခဲ့တယ်လို့ မစ္စတာ ဘေဒါက ပြောပြပါတယ်။

ငွေကြေးလဲလှယ်မှု နှုန်းထားစနစ် ပြုပြင်ပြောင်းလဲမှုကို ဆက်ပြီးလုပ်သွားဖို့ ရည်ရွယ်ချက်ရှိကြောင်း ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကလည်း ပြန်လည်ပြောခဲ့တယ်လို့ အမေရိကန် သမ္မတ အကြံပေး ဂျက်ဖ် ဘေဒါက ပြောခဲ့ပါတယ်။

XS
SM
MD
LG