သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက် အပေါ် အချက်အလက် ခိုးယူမှု တိုက်ဖျက်ရေး တရုတ် နဲ့ကန် သဘောတူ


တရုတ်သမ္မတ ရှီကျင်းပင်နဲ့ အမေရိကန်သမ္မတ အိုဘားမား အိမ်ဖြုတော်က ပူးတွဲသတင်းစာရှင်းလင်းပွဲ (စက်တင်ဘာ ၂၅၊ ၂၀၁၅)
တရုတ်သမ္မတ ရှီကျင်းပင်နဲ့ အမေရိကန်သမ္မတ အိုဘားမား အိမ်ဖြုတော်က ပူးတွဲသတင်းစာရှင်းလင်းပွဲ (စက်တင်ဘာ ၂၅၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ အဓိက အကြောင်းရင်းတခုဖြစ်တဲ့ ဉာဏ ပိုင်ဆိုင်မှုနဲ့ဆိုင်တဲ့ အချက်အလက်တွေ အင်တာနက်ပေါ်က ခိုးယူတာကို အစိုးရ ၂ ခုစလုံးက သိလျက်နဲ့ ခွင့်မပြုကြဖို့ သမ္မတ အိုဘားမား နဲ့ သမ္မတ ရှီကျင်းပင်တို့ ၂ ဦး သဘောတူလိုက်ကြပါတယ်။

အင်တာနက်ပေါ်ကနေ အချက်အလက်တွေ ခိုးယူနေတာ ရပ်တန့်ဖို့လိုတယ် ဆိုတာကို ပြောကြားခဲ့ကြောင်း၊ ဒါဟာ တိုးတက်မှုတခု ဖြစ်ပေမယ့် သူတို့ လုပ်ရမယ့် လုပ်ငန်းတွေ မပြီးဆုံးသေးကြောင်း သမ္မတ ရှီကျင်းပင်နဲ့ သောကြာနေ့ သီးသန့် တွေ့ဆုံအပြီး အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ အိုဘားမားက ပြောပါတယ်။

သမ္မတ ရှီကျင်းပင်ကလည်း နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ကြောင်း၊ တရုတ်အစိုးရ အနေနဲ့လည်း အင်တာနက်ပေါ်က အချက်အလက်တွေ ခိုးယူတဲ့ ဘယ်လိုကိစ္စမျိုးမဆို ဆန့်ကျင် ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။

အင်တာနက် ဆိုင်ဘာပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အဲဒီကိစ္စနဲ့ ဆက်နွယ်တဲ့ ပြဿနာတွေကို တိုက်ခိုက်နိုင်ရေးအတွက် အဆင့်မြင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ယန္တရားတခု တည်ထောင်သွားဖို့နှစ်ဖက် သဘောတူညီမှု ရရှိခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အမေရိကန်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေထံ ကနေ အင်တာနက်က အချက်အလက်တွေ ခိုးယူမှုတွေ တရုတ်နိုင်ငံက ပြုလုပ်ခဲ့ တာလို့ အမေရိကန်ပြည်ထောင်စုက စွပ်စွဲ ပြောဆိုထားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ကတော့ အဲဒီလို ပြောဆိုမှုတွေကို အပြင်းအထန် ငြင်းဆိုထားပါတယ်။

XS
SM
MD
LG