သုံးရလွယ်ကူစေသည့် Link များ

တရုတ်ငွေဈေး ချတဲ့ကိစ္စ အမေရိကန် အရေးယူလို

  • ဗွီအိုအေ (မြန်မာဌာန)

တရုတ်တို့က သူတို့ရဲ့ ငွေကြေးကို ထိန်းချုပ်ပြီး ကစားနေတယ် ဆိုတာကို ရပ်ပစ်ရေး ဖိအားပေးဖို့ တရုတ်ကုန်ပစ္စည်းတွေပေါ်မှာ အခွန်တိုးကောက်တာ ဒါမှမဟုတ် တခြား အရေးယူတဲ့ နည်းလမ်းတခုခုကို ထပ်ပြီး အဆိုပြုဖို့ အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်တွေက စဉ်းစားနေကြပါတယ်။

တရုတ်ငွေကြေးဟာ ရာခိုင်နှုန်း ၄၀ လောက်ထိကို တန်ဖိုးလျှော့ သတ်မှတ်ထားတဲ့အတွက် တရုတ်ကုန်ပစ္စည်းတွေဟာ ကမ္ဘာ့ဈေးကွက်မှာ မမျှမတ အခွင့်သာနေတယ်လို့ အောက်လွှတ်တော်အမတ် တင်မ် ရိုင်ယန် (Tim Ryan) က အခွန်အကောက်ဆိုင်ရာ အမေရိကန် အောက်လွှတ်တော်ရှေ့မှောက် ကြားနာပွဲ ပထမနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

တရုတ်တို့ရဲ့ မူဝါဒတွေ ပြောင်းလဲသွားစေဖို့ အတွက် အခိုင်အမာ ဖိအားပေးဖို့ ဥပဒေ လိုအပ်တယ်လို့ ရိုင်ယန်က ပြောပါတယ်။

ဒါပေမဲ့ ဘယ်လို အရေးယူ လုပ်ဆောင်တာမျိုးပဲ ဖြစ်ဖြစ် အမေရိကန် စီးပွားရေးကို မထိခိုက်စေဘူးဆိုတာ သေချာဖို့ လိုတယ်လို့ ကန်းဆတ်စ်ပြည်နယ် လွှတ်တော်အမတ် လင်းန် ဂျန်ကင်န်စ် (Lynn Jenkins) က တိုက်တွန်းခဲ့ပါတယ်။ ကန်းဆတ်စ်ပြည်နယ်ဟာ ဒေါ်လာ ဘီလီယံပေါင်းများစွာဖိုး စိုက်ပျိုးရေး ထုတ်ကုန်တွေ တရုတ်နိုင်ငံဆီ တင်ပို့နေတဲ့ပြည်နယ် ဖြစ်ပါတယ်။

XS
SM
MD
LG