သုံးရလွယ်ကူစေသည့် Link များ

ကွန်ပျူတာထဲက ကန်အရာရှိတွေ ကိုယ်ရေး တရုတ် ခိုးယူ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နဲ့ တရုတ် ဆိုင်ဘာလုံခြုံရေးဆွေးနွေး ။ (ဇူလိုင် ၁၀၊ ၂၀၁၄)

တရုတ်နိုင်ငံက ကွန်ပြူတာဖေါက်ထွင်းသူတွေဟာ သောင်းနဲ့ချီတဲ့ အမေရိကန် အစိုးရဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရသွားခဲ့ကြတယ်လို့ ကြာသပတေးနေ့ထုတ် The New York Times သတင်းမှာ ဖေါ်ပြထားပါတယ်။ သူတို့ဟာ ဝန်ထမ်းလျှောက်လွှာ တင်ရာမှာ ဖေါ်ပြထားတဲ့ လျှို့ဝှက် အချက်အလက်တွေကို ဖေါက်ထွင်းခိုးယူခဲ့တာဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ဆီကနေ သိခဲ့ရတာလို့ ဆိုပါတယ်။

ဒီကွန်ပြူတာ ဖေါက်ထွင်းသူတွေဟာ အမေရိကန်နိုင်ငံရဲ့ အစိုးရဝန်ထမ်း ခန့်အပ်ရေး ဆိုင်ရာ စီမံခန့်ခွဲရေး OPM ရုံးက အချက်အလက်တချို့ကို မတ်လထဲမှာ ခိုးယူနိုင်ခဲ့ကြ တာဖြစ်ပါတယ်။ ဒီလိုခိုးယူနေတာကို သိခဲ့တဲ့နောက် OPM ရုံး ကွန်ပြူတာကွန်ယက်ထဲ မဝင်နိုင်အောင် ပိတ်ပစ်ခဲ့ရတယ်လို့ အမည်မဖေါ်လိုသူ အမေရိကန် အရာရှိရဲ့ ပြောကြားချက်ကိုလည်း ဖေါ်ပြထားပါတယ်။

OPM ရုံးကွန်ပြူတာ စံနစ်ထဲကို ဒီတရုတ် ဖေါက်ထွင်းသူတွေ ဘယ်အတိုင်းအတာ အထိ ဖေါက်ထွင်းနိုင်ခဲ့တယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ပါ ဖေါ်ပြထားပါတယ်။ လုံခြုံရေးဆိုင်ရာ လျှောက်လွှာတွေထဲမှာ အလုပ်လျှောက်သူရဲ့ နိုင်ငံရပ်ခြား အဆက်အသွယ်တွေ၊ အရင်က မူးယစ်ဆေးဝါး သုံးစွဲမှုရှိမရှိ စတဲ့ အကြောင်းရာတွေလို လျှို့ဝှက် ကိုယ်ရေးအချက်လက်တွေပါဝင်နေတာပါ။

အမိမြေလုံခြုံရေးဌာန အရာရှိတဦးကလည်း ကွန်ပြူတာအဖေါက်ထွင်းခံရတာကို အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် OPM ရုံးကလား အမိမြေလုံခြုံရေးဌာနကလား ဆိုတာတော့မပြောပါဘူး။

XS
SM
MD
LG