သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် လူ့အခွင့်အရေး ထည့်သွင်းဆွေးနွေးဖို့ ဝန်ကြီး Kerry ကို တိုက်တွန်း


တရုတ်သမ္မတ ရှီကျင့်ပင်နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ။ (AP Photo/Andy Wong)
တရုတ်သမ္မတ ရှီကျင့်ပင်နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ။ (AP Photo/Andy Wong)

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ဟာ ရေကြောင်းပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်းက တင်းမာမှု အခြေအနေတွေ၊ ကိုရီးယားကျွန်းဆွယ်အရေးနဲ့ ရင်းနှီးမြုပ်နှံမှုအတွက် အဟန့်အတား ဖြစ်စေတဲ့ကိစ္စတွေအဆုံး အကြောင်းအရာ ပေါင်းစုံအတွက် ငွေကြေး အကုန်အကျများတဲ့ အဆင့်မြင့် ဆွေးနွေးပွဲတွေ နှစ်စဉ် ကျင်းပကြပါတယ်။

အဲဒီ ဆွေးနွေးမှုတွေက နှစ်နိုင်ငံအကြား ကျယ်ပြန့်တဲ့ ဆက်ဆံရေး ဖြစ်ပေါ်ရေးနဲ့ သဘောထား ကွဲပြားမှုတွေအတွက် တည်ငြိမ်အောင် တည့်မတ်ပေးတဲ့ အရာတွေဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

ဒါပေမယ့် အဲဒီလို နှစ်စဉ်ကျင်းပနေတဲ့ ဆွေးနွေးမှုတွေမှာ လူ့အခွင့်အရေးကိစ္စကို ပိုမို ထည့်သွင်း ဆွေးနွေးသင့်တယ်လို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

အခုနှစ်အတွက် ကျင်းပတဲ့ ဆွေးနွေးပွဲ မတိုင်ခင်လေးကပဲ နယ်စည်းမခြား သတင်းထောက်များအဖွဲ့နဲ့ တခြား လူ့အခွင့်အရေးဖွဲ့ ၉ ခုတို့က ဒီကိစ္စကို ထည့်သွင်းဆွေးနွေးပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ဘဏ္ဍာရေးဝန်ကြီး Jack Lew တို့ ၂ ဦးထံ ပူးတွဲစာ ပေးပို့ခဲ့ကြပါတယ်။

တရုတ်နိုင်ငံမှာ သမ္မတ ရှီကျင့်ပင် သမ္မတဖြစ်လာပြီးတဲ့နောက်ပိုင်း အမေရိကန်ပြည်ထောင်စု အထောက်အထားတွေနဲ့ စာရင်းပြုစုထားပြီး ပိုမိုဆိုးရွားလာနေတဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ တရားဥပဒေ စိုးမိုးမှု အခြေအနေတွေကို အဲဒီစာထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG