သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာသမားတွေအပေါ် ကန့်သတ်ချက်လျှော့ချဖို့ ကန်နဲ့တရုတ် သဘောတူညီမှုရ


{{Zawgyi/Unicode}}

အမေရိကန်နဲ့ တရုတ်ကြား သတင်းမီဒီယာသမားတွေအပေါ် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးသွားဖို့ သဘောတူညီချက်တခု ရခဲ့တယ်ဆိုတာ တရုတ်နိုင်ငံခြားရေးဌာနက ဒီကနေ့ အတည်ပြု ပြောဆိုပါတယ်။

သတင်းမီဒီယာနဲ့ပတ်သက်တဲ့ကိစ္စတွေကို အထူးအရေးကြီးကိစ္စတွေအဖြစ် တရုတ်နိုင်ငံအနေနဲ့ သတ်မှတ် ထားပြီး တရုတ်နိုင်ငံမှာ သတင်းရယူနေတဲ့ အမေရိကန်နဲ့ တခြား ပြည်ပသတင်းထောက်တွေကို အထောက်အကူပြုဖို့ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian က ဒီကနေ့ သတင်းစာရှင်းလင်းပွဲတခုအတွင်း ပြောသွားပါတယ်။

အခုသဘောတူညီချက်အရ တရုတ် သတင်းမီဒီယာသမားတွေကို အကြိမ်ကြိမ် အဝင်အထွက်လုပ်နိုင်တဲ့ တနှစ်သက်တမ်းရှိ ပြည်ဝင်ခွင့်ဗီဇာ အမေရိကန်က ထုတ်ပေးမှာဖြစ်သလို "နေထိုင်ခွင့်သက်တမ်း" ဆိုင်ရာ ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ငန်းစဉ်တရပ်ကို ချက်ခြင်းချမှတ်မယ်လို့ ပြောခွင့်ရ Zhao ကပြောပါတယ်။

အမေရိကန်ဘက်က စတင်လုပ်ဆောင်ပြီဆိုတာနဲ့ တရုတ်ဘက်ကလည်း အမေရိကန် သတင်းမီဒီယာသမားတွေကို အလားတူ ဝင်ခွင့်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာဗီဇာ လျှောက်လွှာအသစ်တွေကို "သက်ဆိုင်ရာ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေအပေါ် အခြေခံပြီး" နှစ်နိုင်ငံစလုံးက ဗီဇာတွေ ထုတ်ပေးသွားဖို့လည်း သဘောတူထားကြပါတယ်။

မီဒီယာသမားတွေအပေါ် ကန့်သတ်ချက်လျှော့ချဖို့ ကန်နဲ့တရုတ် သဘောတူညီမှုရ
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်


=============

{{Unicode}}






=============

XS
SM
MD
LG