သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် တရုတ် ကာကွယ်ရေး ဆွေးနွေး


အမေရိကန် တရုတ် ကာကွယ်ရေး ဆွေးနွေး
အမေရိကန် တရုတ် ကာကွယ်ရေး ဆွေးနွေး

တရုတ်နိုင်ငံမှာ တရုတ်နဲ့ အမေရိကန် အရာရှိတွေက စက်တင်ဘာလမှာ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာ လာပြီးကတည်းက ဆိုရင် ပထမဆုံး အကြိမ်အဖြစ် အဆင့်မြင့် ဆွေးနွေးပွဲတွေကို ပြန်စလုပ်နေပါပြီ။

အမေရိကန်ဖက်က ထိုင်ဝမ်ကို လက်နက်ရောင်းတာနဲ့ သြစတေးလျမှာ အမေရိကန်စစ်သားတွေ တဖြည်းဖြည်း ပိုချထားဖို့ ကြေငြာတာတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အဖုအထစ်တွေ ဖြစ်လာခဲ့အပြီးမှာ အခုလို ပထမဆုံးအကြိမ် ဆွေးနွေးပွဲတွေ ပြန်စနိုင်တာ ဖြစ်ပါတယ်။

ဘေဂျင်းမြို့တော်မှာ ၁၂ ကြိမ်မြောက် နှစ်စဉ်လုပ်တဲ့ ဒီဆွေးနွေးပွဲကို ဒီနေ့မှာပဲ အမေရိကန် ပေါ်လစီဆိုင်ရာ လက်ထောက် ကာကွယ်ရေးဝန်ကြီး Michel Flournoy နဲ့ တရုတ်ကြည်းတပ် စစ်ဦးစီးရုံး ဒုအရာရှိချုပ် မား ရှောင်တီယာ (Ma Xiaotian) တို့က ဖွင့်လှစ်ပေးလိုက်တာပါ။

အမေရိကန်တို့ဖက်က ထိုင်ဝမ်လေတပ်ကို အဆင့်မြင့်ပေးဖို့ ကာကွယ်ရေးပစ္စည်း ဒေါ်လာ သန်းပေါင်း ၅၈၀၀ ကျော်ဖိုး ရောင်းချဖို့ ကူညီပေးတာကို စက်တင်ဘာလမှာ ကြေငြာပြီး တရုတ်ဖက်က ဒေါသထွက်ခဲ့တာကြောင့် ဒီဆွေးနွေးပွဲလုပ်ဖို့ ရွေ့ဆိုင်းလာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG