သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်နဲ့တရုတ် ဆိုက်ဘာလုံခြုံရေးဆွေးနွေး

  • ဗွီအိုအေ (မြန်မာဌာန)

အမေရိကန် အမိမြေလုံခြုံရေး ၀န်ကြီးဌာနက ဆိုက်ဘာလုံခြုံရေးစင်တာ ဖွင့်လှစ်။
တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ဟာ အင်အားကြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့ ရည်ရွယ်တဲ့ ၄ ရက်တာ ဆွေးနွေးပွဲ ပထမနေ့မှာပဲ အကဲဆတ်နေတဲ့ Cyber လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

တနင်္လာနေ့က ၀ါရှင်တန်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ စီးပွားရေး သတင်း အချက်အလက်တွေကို ဖောက်ထွင်း ခိုးယူမှုဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ Cyber အင်တာနက် ပိုင်ဆိုင်မှုအပိုင်းနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေကိုလည်း နှစ်ဘက်ဆွေးနွေးခဲ့တယ်လို့ ပြောဆိုပါတယ်။

တရုတ်နိုင်ငံဟာ သူ့နိုင်ငံ စီးပွားရေး အကျိုးအမြတ်ရစေဖို့ အမေရိကန်အစိုးရ အဖွဲ့အစည်းကြီးတွေနဲ့ စီးပွားရေးဆိုင်ရာ လျှို့ဝှက်ချက်တချို့ကို ဖောက်ထွင်း ခိုးယူခဲ့မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သမ္မတ အိုဘားမားအစိုးရအဖွဲ့က စွပ်စွဲမှု ရှိခဲ့ပါတယ်။ တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ ယန် ဂျေးချီ (Yang Jiechi) က အခု ဆွေးနွေးပွဲကနေ အမေရိကန်နဲ့ တရုတ် ပူးပေါင်းဆောင်ရွက်မှု ပိုတိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။
XS
SM
MD
LG