သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား အာရှမူဝါဒ ဂျွန်ကယ်ရီ ဝေဖန်


အထက်လွှတ်တော်အမတ် John Kerry
အထက်လွှတ်တော်အမတ် John Kerry
အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး ဝန်ကြီးအသစ် အဖြစ်အမည်စာရင်း တင်သွင်းထားတဲ့ အထက်လွှတ်တော်အမတ် John Kerry ကို လွှတ်တော်မှာ ကြားနာရာမှာ သမ္မတ ဘရက်ခ် အိုဘားမား အစိုးရရဲ့ အဓိကနိုင်ငံခြားရေးရာ မူဝါဒတခုဖြစ်တဲ့ အာရှတိုက်ကို ပိုမို အာရုံစိုက်လာတဲ့ အစီအစဉ်အပေါ် ဝေဖန်ခဲ့တဲ့အတွက် အများက အာရုံစိုက်ခံခဲ့ကြရပါတယ်။ လက်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ဒီနှစ်ထဲ တာဝန်က အနားယူပြီးချိန်မှာ အထက်လွှတ်တော်အမတ် Kerry ကို အစားထိုး ခန့်အပ်ခံရဖို့ သေချာသလောက် ရှိနေတာပါ။

နိုင်ငံခြားရေးဝန်ကြီအဖြစ် ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းထားတဲ့အပေါ် ကြားနာပွဲမှာတော့ အာရှတိုက်မှာ အမေရိကန်က စစ်ရေးချဲ့ထွင်မှုတွေ လုပ်သင့်တယ်လို့ သူ့အနေနဲ့ မယူဆကြောင်းနဲ့ ဒီလိုလုပ်လာမယ်ဆိုရင် တရုတ်နိုင်ငံနဲ့ မလိုအပ်ပဲ ထိပ်တိုက်ရင်ဆိုင် တိုးစေမယ့် အခြေအနေတွေ ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားကတော့ အာရှတိုက်မှာ ချိန်ခွင်လျှာညှိတဲ့ မူဝါဒအဖြစ် ၂၀၁၁ ခုနှစ် နှောင်းပိုင်းမှာ ကြေညာခဲ့တဲ့နောက် သြစတြေးလျ၊ ဖိလစ်ပိုင်၊ စင်္ကာပူတို့အပြင် အာရှ-ပစိဖိတ် ဒေသတွင်းက တခြား နိုင်ငံတွေမှာ အမေရိကန်ရဲ့ တပ်ဖွဲ့တွေ၊ ပစ္စည်းအသုံးအဆောင်တွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေလည်း တိုးလာခဲ့တာပါ။

အစိုးရ တာဝန်ရှိသူတွေကတော့ အမေရိကန် အနေနဲ့ အာရှဒေသနဲ့ အဆက်အဆံတွေ တိုးမြှင့်လာတာဟာ တရုတ်နိုင်ငံရဲ့ သြဇာကြီးထွားလာနေတာကို ထိန်းချုပ်ဖို့ မဟုတ်ဘူးလို့ ပြောဆိုထားတာ ဖြစ်ပေမဲ့လည်း တရုတ်နိုင်ငံကတော့ ဒီမူဝါဒနဲ့ ပတ်သက်လို့ ဘဝင်မကျတဲ့ သဘောထားတွေ ပြောဆိုနေတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG