သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ် ပင်လယ်အရေး ကန်နဲ့ တရုတ် နှစ်နိုင်ငံ ဆွေးနွေး


တရုတ်ရေပိုင်နက်ထဲ ဆိုက်ကပ်လာတဲ့ အမေရိကန်ရေတပ်သင်္ဘော။
တရုတ်ရေပိုင်နက်ထဲ ဆိုက်ကပ်လာတဲ့ အမေရိကန်ရေတပ်သင်္ဘော။

တောင်တရုတ် ပင်လယ်တွင်း တင်းမာမှုတွေနဲ့ ရေတပ်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေ ကို ဒီကနေ့ ဗွီဒီယိုဆက်သွယ်ရေးကနေ တဆင့် နှစ်နိုင်ငံရေတပ် ထိပ်တန်း တာဝန်ရှိသူတွေ တနာရီကြာ ဆွေးနွေးတဲ့အခါ တရုတ်နိုင်ငံ ရဲ့ ပြတ်သား တဲ့ ရပ်တည်ချက်ကို ပြောဆိုမယ်လို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန က ပြောပါတယ်။

အမေရိကန် ရေတပ်စစ်ဆင်ရေးများဆိုင်ရာ အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး John Richardson နဲ့ တရုတ်ရေတပ်ဗိုလ်ချုပ်ကြီး Wu Shengli တို့ဆွေးနွေးကြမှာပါ။ အရင်တုန်းကလည်း အလားတူဆွေးနွေးပွဲမျိုး နှစ်ကြိမ်လုပ်ဖူးပါတယ်။

ဒီကနေ့ဆွေးနွေးပွဲကို ကြိုတင်စီစဉ်ထားတာမဟုတ်ပေမဲ့ လက်ရှိအခြေအနေတွေ အရ ဗွီဒီယိုဆွေးနွေးပွဲလုပ်ဖို့ နှစ်နိုင်ငံရေတပ်တွေ သဘောတူလိုက်ကြတာလို့ အမေရိကန်တာဝန်ရှိသူတဦးကပြောတာကို အမေရိကန်အခြေစိုက် Defense News သတင်းဌာန ဝက်ဘ်ဆိုက်တ်မှာ ဖော်ပြထားပါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်နိုင်ငံရဲ့ နယ်မြေ ပိုင်ဆိုင်ကြောင်းကြေညာချက် ကို အခုချိန်ထိဆိုရင် အကြီးမားဆုံး စိန်ခေါ်မှု တခု ဒီသီတင်းပတ်အစောပိုင်းမှာ အမေရိကန်က လုပ်ခဲ့ပါတယ်။ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အပြင်းအထန် အငြင်းပွားနေတဲ့ လူလုပ် ကျွန်းတုတွေနား ရေမိုင် ၁၂ မိုင်အတွင်း အမေရိကန်ရေတပ် သင်္ဘောတစင်း ခုတ်မောင်းခဲ့တာပါ။

ဒီလုပ်ရပ်ဟာ ရည်ရွယ်ချက်ရှိရှိ ရန်စတဲ့လုပ်ရပ်ဖြစ်တယ်လို့ပြောပြီး တရုတ်ဘက် က ဒေါသတကြီး တုန့်ပြန်သလို တရုတ်နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ကို ဆင့်ခေါ်ပြီးတော့လည်း တရားဝင် ကန့်ကွက်ပါတယ်။ တောင်တရုတ် ပင်လယ်ထဲက နယ်မြေ အများစုကို သူတို့ပိုင်တယ်လို့ တရုတ်က ကြေညာထားတာပါ။

XS
SM
MD
LG