သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ် ကင်းလှည့်မှု ကန် ဆက်လုပ်မည်


 တောင်တရုတ် ပင်လယ်ပြင် အတွင်း ခုတ်မောင်းခဲ့တဲ့ USS Lassen ဖျက်သဘောၤ။
တောင်တရုတ် ပင်လယ်ပြင် အတွင်း ခုတ်မောင်းခဲ့တဲ့ USS Lassen ဖျက်သဘောၤ။

တောင်တရုတ်ပင်လယ်တွင်းမှာ တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ကြေညာထားတဲ့ ကျွန်းစုတွေနဲ့ သန္တာကျောက်တန်းနား ရေပြင်ကို အမေရိကန်ပြည်ထောင်စုက စစ်သင်္ဘောတစင်း လွှတ်တဲ့အပေါ် တရုတ်နိုင်ငံက ပြစ်တင် ဝေဖန်လိုက်ပါတယ်။ အမေရိကန်ဘက် ကတော့ အဲဒီ ကင်းလှည့်လုပ်ငန်းမျိုးတွေ နောက်ထပ် လုပ်သွားဦးမယ်လို့ အခိုင်အမာပြောပါတယ်။

အင်္ဂါနေ့က စစ်သင်္ဘောလွှတ်တဲ့ လုပ်ရပ်အတွက် တရားဝင်ကန့်ကွက်ဖို့ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Max Baucus ကို ဆင့်ခေါ်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီလုပ်ရပ်ဟာ တရုတ်တို့က နယ်မြေပိုင်ဆိုင် တယ်လို့ အငြင်းပွားဖွယ် ပြောထားတာကို အမေရိကန်တို့က ပြောင် စိန်ခေါ်လိုက်တာပါပဲ။

အမေရိကန်ရဲ့လုပ်ရပ်ဟာ တရုတ်ရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနဲ့ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားတွေကို ခြိမ်းခြောက်လိုက် တာသာမက သန္တာကျောက်တန်းမှာရှိတဲ့ တရုတ်နိုင်ငံသားတွေနဲ့ နေရာဌာနတွေရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေတယ်လို့ တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Zhan Yesui ကပြောပါတယ်။

တရုတ်တို့ယူထားတဲ့ Subu သန္တာကျောက်တန်းနား ချဉ်းကပ်တာဟာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ကျင့်သုံးတာ ဖြစ်ပြီး အဲဒီဒေသရဲ့ အချုပ်အခြာအာဏာပိုင်မှုဆိုင်ရာ မေးခွန်းတွေနဲ့ မဆက်စပ်ဘူးလို့ အမေရိကန် စစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီဒေသကို ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကလည်း ပိုင်ဆိုင်တယ်လို့ ပြောထားတာပါ။

ဒေသတွင်း အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေကလည်း ဒီလို အမေရိကန်စစ်သင်္ဘောလွှတ်တာကို ကြိုဆိုကြပေမယ့် ပိုပြီးတော့ သတိထားပြီး ပြောကြပါတယ်။

XS
SM
MD
LG