သုံးရလွယ်ကူစေသည့် Link များ

တောင်တရုတ်ပင်လယ်ထဲ ကန်ဖျက်သင်္ဘောဝင်ရောက်မှု တရုတ်ကန့်ကွက်


တောင်တရုတ် ပင်လယ်ပြင် အတွင်း ခုတ်မောင်းခဲ့တဲ့ USS Lassen ဖျက်သဘောင်္။

တောင်တရုတ် ပင်လယ်ပြင် အတွင်းက တရုတ်တို့ ပိုင်ဆိုင်တယ်လို့ ပြောဆိုသိမ်းပိုက်ထားတဲ့ ကျွန်းတခု အနီးကနေ အမေရိကန်တို့ စစ်သဘောင်္ တစင်း စေလွှတ်ခဲ့တဲ့ အပေါ် တရုတ်တို့က ရှုတ်ချပြောဆိုလိုက်ပါတယ်။ တနှစ်ကို အမေရိကန် ဒေါ်လာ ၅ ထရီလီယံ လောက်တန်ဖိုးရှိတဲ့ ကမ္ဘာ့ကုန်စည် ပမာဏရဲ့ ထက်ဝက်ကို သယ်ယူပို့ဆောင်ရာ ရေပြင်မှာ အမေရိကန်တို့ အခုလို လုပ်ဆောင်လိုက်တာ သိပ်ကို အန္တရာယ်ကြီးလှတယ်လို့ တရုတ်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ဖျက်သဘောင်္ဟာ နိုင်ငံတကာ ရေကြောင်းဆိုင်ရာ ဥပဒေသတွေ အတိုင်း လိုက်နာ ဆောင်ရွက်ခဲ့တာကြောင့် တရားဥပဒေကြောင်းနဲ့ ညီညွတ်ပြီး ပုံမှန် လုပ်ရိုး လုပ်စဉ် လုပ်ငန်းစဉ် တခုသာ ဖြစ်တယ်လို့လည်း အမေရိကန် အရာရှိတို့က တုံ့ပြန်ပြီး ဒီလို ဆောင်ရွက်ချက်က တရုတ်တို့က ပိုင်နက်နယ်မြေ ဖြစ်တယ်လို့ ပြောဆိုနေမှု အပေါ် စိန်ခေါ်တဲ့ သဘော မသက်ရောက်ဘူးလို့လည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ အမေရိကန်တို့ရဲ့ USS Lassen ဖျက်သဘောင်္ဟာ အမေရိကန် ထောက်လှမ်းရေး လေယာဉ်တွေ အစောင့်အရှောက်နဲ့ တရုတ်တို့ လူလုပ်ကျွန်းတွေ တိုးချဲ့ တည်ဆောက်နေတဲ့ သန္တာကျောက်တန်းနဲ့ ရေမိုင် ၁၂ မိုင်လောက် အကွာက ဖြတ်သန်း မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ဖျက်သဘောင်္ USS Lassen ခုတ်မောင်းခဲ့စဉ်မှာ ပြဿနာ တစုံတရာ မရှိခဲ့တဲ့ အကြောင်းနဲ့ တရုတ်သဘောင်္ တစင်းကတော့ နှစ်ဘက် ထိပ်တိုက် မတွေ့နိုင်လောက်တဲ့ ခပ်လှမ်းလှမ်းကနေ လိုက်ပါ စောင့်ကြည့်ခဲ့တယ်လို့လည်း အမေရိကန် တာဝန်ရှိသူတို့က ပြောဆိုပါတယ်။

XS
SM
MD
LG