သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့တရုတ်ကုန်သွယ်ရေး တရုတ်မှာ ဒေါ်လာ ၃၁ ဘီလီယံ ပိုငွေပြ


A local resident attempts to salvage a stove from the fire in the biggest Lagos wood market, Oko-Baba Sawmill, in Ebute-Metta, district of Lagos, Nigeria.
A local resident attempts to salvage a stove from the fire in the biggest Lagos wood market, Oko-Baba Sawmill, in Ebute-Metta, district of Lagos, Nigeria.

အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ခွန်တွေ အပြန်အလှန် တိုးစည်းကြပ်နေတဲ့ အခြေအနေအောက်မှာပဲ သြဂုတ်လအတွင်း အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေးမှာ တရုတ်ဘက်မှာ ၃၁ ဘီလီယံဒါ်လာအထိ ကုန်သွယ်ရေး ပိုငွေ ပြခဲ့ပါတယ်။

အမေရိကန်သမ္မတ Donald Trump က တရုတ်သွင်းကုန် ဒေါ်လာ ၂၆၇ ဘီလီယံဖိုးအပေါ် နောက်ထပ် သွင်း ကုန်ခွန် တိုးကောက်မယ်လို့ ခြိမ်းခြောက်လိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ ငွေပိုငွေလျှံသတင်း အခုလို ထွက်ပေါ် လာတာပါ။

တရုတ်သွင်းကုန် ဒေါ်လာဘီလီယံ ၅၀ ပမာဏအပေါ် အမေရိကန်က အခွန်တိုးကောက်ထားပြီးနောက် နောက်ထပ်လည်း သွင်းကုန် ဒေါ်လာဘီလီယံ ၂၀၀ ပမာဏအပေါ် တိုးကောက်ဦးမယ်လို့ ထရမ့်က ပြောထားတာပါ။

မြောက် ဒါကိုတာပြည်နယ်၊ ဖာဂိုမြို့ကို သွားနေတုန်း သိပ်အချိန်မဆိုင်းဘဲ နောက်ထပ် သွင်းကုန် ဒေါ်လာ၂၆၇ ဘီလျံပမာဏအပေါ် အခွန်တိုးကောက်ချင် ကောက်သွားမှာဖြစ်တယ်လို့ ထရမ့်က သတင်းထောက်တွေကို မနေ့က ထပ်ပြောခဲ့တာပါ။ သမ္မတ စီးပွါးရေး အကြံပေး Larry Kudlow ကတော့ သွင်းကုန်ခွန်တိုးကောက်မှာနဲ့ ပတ်သက်လို့ လူထုရဲ့ သဘောထားအမြင်တွေကိုလည်း ထည့်သွင်း သုံးသပ်မှာဖြစ်ကြောင်း သောကြာနေ့က ပြောပါတယ်။

အမေရိကန်ကုန်သွယ်ရေးဌာန အရာရှိတွေကလည်း အခုလို ကုန်သွယ်ခွန်တိုးကောက်မှာနဲ့ ပတ်သက်လို့ တပတ်အတွင်း အကြံပြုချက် ၆,၀၀၀ လောက် ရရှိထားတာပါ။ တရုတ်အနေနဲ့ အမေရိကန်နဲ့ ကုန်သွယ်ရာမှာ လိုက်လိုက်လျောလျော ဆက်ဆံလာစေဖို့ တရုတ်နိုင်ငံအပေါ် အခုလို သွင်းကုန်တိုးစည်းကြပ်တာဖြစ်ကြောင်း ထရမ့်အစိုးရအဖွဲ့က အကြောင်း ပြထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဆိုက်ဘာ ခိုးယူမှုအပါအဝင် အမေရိကန်တွေရဲ့ ဉာဏဆိုင်ရာ နည်းပညာပိုင်းနဲ့ ပတ်သက်လို့ အကာအကွယ်ပေးဖို့လည်း အမေရိကန်က တောင်းဆိုထားသလို တရုတ်ဈေးကွက်ကို အမေရိကန်အနေနဲ့ ပိုပြီးထိုးဖေါက်ခွင့်နဲ့ ကုန်သွယ်မှုကနေ ပိုငွေပြမှုကို လျှော့ချဖို့လည်း ထရမ့်အစိုးရက တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG