သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကားနဲ့ အပိုပစ္စည်းတင်သွင်းခွန် တရုတ်ဆိုင်းငံ့


တရုတ်နိုင်ငံကို တင်သွင်းတဲ့ အမေရိကန်လုပ် မော်တော်ကား၊ ကုန်တင် Truck ကားနဲ့ ကားပစ္စည်းတွေအပေါ် ဒေါ်လာ ၁၂၆ ဘီလျံဖိုး သွင်းကုန်ခွန်ကောက်မယ့်အစီအစဉ်ကို ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ရက် ၉၀ ဆိုင်းငံ့ထားမယ်လို့ တရုတ်က ပြောလိုက်ပါတယ်။

တရုတ်သမ္မတ Xi Jinping နဲ့ အမေရိကန်သမ္မတ Donald Trump တို့ ဒီလဆန်းပိုင်းက သဘောတူခဲ့တဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုတွေကို လက်တွေ့ အကောင်အထည်ဖော်တဲ့အနေနဲ့ သွင်းကုန်ခွန်ကောက်ခံရေးကို ဆိုင်းငံ့လိုက်တာဖြစ်တယ်လို့ တရုတ်နိုင်ငံတော်ကောင်စီရဲ့ ကုန်သွယ်ခွန်ဆိုင်ရာ ကော်မရှင်ရုံးက ကြေညာပါတယ်။

တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုကြား ကုန်သွယ်ရေးဆိုင်ရာ ရေရှည်ခံသဘောတူညီမှုတွေရဖို့ ညှိုနှိုင်းနေတဲ့ကာလအတွင်း တရုတ်ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန်တိုးမယ့်အစီအစဉ်ကို ဆိုင်းထားဖို့ သမ္မတ Trump ဖက်က သဘောတူထားပြီးဖြစ်ပါတယ်။ အာဂျင်တီးနားနိုင်ငံမှာကျင်းပခဲ့တဲ့ G20 ထိပ်သီးစည်းဝေးပွဲအတွင်း သမ္မတ Trump နဲ့ သမ္မတ Xi တို့ သီးသန့်တွေ့ဆုံကြစဉ် ကုန်သွယ်ရေးဆိုင်ရာ သဘောတူခဲ့ကြတာဖြစ်ပါတယ်။ အစပိုင်းက ဘယ်လိုသဘောတူညီမှုတွေ ရခဲ့သလဲဆိုတာ အတိအကျ မသိရတဲ့အတွက် အစုရှယ်ယာဈေးကွက်တွေမှာ မတည်မငြိမ်ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG