သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ကုန်သွယ်ရေးဆွေးနွေးပွဲ အလားအလာ ကန်အကောင်းမြင်


တရုတ်နဲ့ကုန်သွယ်ရေးဆွေးနွေးပွဲ အလားအလာ ကန်အကောင်းမြင် တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေလုပ်ဖို့ နည်းလမ်းတခုရှာရေးအပေါ် အမေရိကန်ပြည် ထောင်စုက အကောင်း မြင်ပေမယ့် နှစ်နိုင်ငံအကြား နောက်ထပ် ဆွေးနွေးပွဲတွေကို ဘယ်တော့လုပ်မယ်ဆိုတာ ရက်အတိအကျ မသတ်မှတ်ရသေးဘူးလို့ သမ္မတအိမ်ဖြူတော် အကြီးတန်းတာဝန်ရှိသူတဦးက ပြောပါတယ်။ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုကိုဖြေရှင်းတာမှာ တိုးတက်မှုရဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ “အဓိပ္ပါယ်ပြည့်ဝ တဲ့ နည်းလမ်း တခုနဲ့ ဆွေးနွေးပွဲကိုလာရမယ်”လို့ အကြီးတန်းတာဝန်ရှိသူက သတင်းထောက်တွေကို သမ္မတအိမ်ဖြူတော်မှာ သောကြာနေ့က ပြောပါတယ်။ အမေရိကန်နဲ့ တရုတ်အကြား အတည်ပြုနိုင်တဲ့ ဆွေးနွေးပွဲ မရှိပေမယ့် နှစ်နိုင်ငံအကြား “မပြတ် ထိစပ်နေတယ်” လို့ အမည်မဖော် တဲ့ အဲဒီတာဝန်ရှိသူကပြောပါတယ်။ တရုတ်ကုန်တွေအပေါ် အခွန်ချမှတ်တာကနေ တရုတ်အနေနဲ့ အမေရိကန်နဲ့ ကုန်သွယ်တာမှာ ပိုပြီး သင့်လျော်တဲ့ နည်းလမ်းတွေ နဲ့ လုပ်လာစေမယ်လို့ ထရမ့်ပ်အစိုးရက ပြောထားတာပါ။ ဒေါ်လာဘီလီယံ ၅၀ တန်ဖိုးရှိတဲ့ တရုတ်ကုန်တွေအပေါ် အမေရိကန်က အခွန်တွေ ချမှတ်ထားပြီးဖြစ်သလို တရုတ်ကလည်း အလားတူ တုန့်ပြန်ချမှတ်ထားပါတယ်။ ဒါ့အပြင် တရုတ်က အမေရိကန်ကိုတင်ပို့နေတဲ့ ကုန်ပစ္စည်းအားလုံးလိုလိုရဲ့ တန်ဖိုးနီးပါး ရှိတဲ့ ဒေါ်လာ ၂၆၇ ဘီလီယံဖိုး တရုတ်ကုန်တွေအပေါ် အခွန်တွေထပ်ချမယ်လို့လည်း သမ္မတထရမ့်ပ်က ဒီလအစောပိုင်းမှာ ခြိမ်းခြောက်ထားပါတယ်။ နောက်ထပ် ဘယ်လိုအခွန်တွေ ထပ်ချပါစေ လက်တုန့်ပြန်မယ်လို့ တရုတ်ကလည်း ခြိမ်းခြောက်ထားပါတယ်။ ဒါပေမဲ့လည်း တရုတ်က အမေရိကန်ဆီကနေ တင်သွင်းနေတဲ့ ကုန်ပစ္စည်းတန်ဖိုး စုစုပေါင်းဟာ အမေရိကန်က တရုတ်ဆီကနေ တင်သွင်းနေ တာထက် တနှစ်ကို ဒေါ်လာဘီလီယံ ၂၀၀ နည်းတာကြောင့် တရုတ်အနေနဲ့ အမေရိကန်လုပ်သလောက် တန်းတူ တုန့်ပြန် လုပ်ဆောင်ဖို့ အခွင့်အရေးသိပ်မရှိလှပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG