သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရေတပ်သင်္ဘော တောင်တရုတ်ပင်လယ်ဖြတ်သန်း


လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အရ လုပ်ဆောင်ခြင်းလို့ဆိုတဲ့ အစီအစဉ်အရ တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ တောင်တရုတ်ပင်လယ်ထဲကို အမေရိကန်ရေတပ်သင်္ဘောတစင်း စနေနေ့က ဖြတ်သွားခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ကြီးမားတဲ့ လုပ်ရပ်မှား ဖြစ်တယ်လို့ တရုတ်တို့က ပြောကြားလိုက်ပါတယ်။

USS Curtis Wilbur ပဲ့ထိန်းတပ် ဒုံးကျည်တင် ဖျက်သင်္ဘော အဲဒီလို ဖြတ်မောင်းသွားတာဟာ အရေးပါတဲ့ နိုင်ငံတကာ ရေကြောင်းလိုင်းတွေမှာ လွတ်လပ်စွာ သွားခွင့်ရှိတယ်ဆိုတာကို ပြသဖို့အတွက် ရည်ရွယ်ကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် ပြောခွင့်ရ Jeff Davis က ပြောပါတယ်။

တရုတ်နိုင်ငံ အပါအဝင် ဗီယက်နမ်နဲ့ ထိုင်ဝမ် တို့ကပါ ပိုင်ဆိုင်ကြောင်း ပြောဆိုနေကြတဲ့ Paracel ကျွန်းစုတွေထဲက Triton ကျွန်းအနီး ရေမိုင် ၁၂ မိုင်အကွာလောက်ကနေ အမေရိကန်စစ်သင်္ဘော ခုတ်မောင်းသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အမေရိကန်စစ်သင်္ဘော ခုတ်မောင်းသွားလိုက်ခြင်းအားဖြင့် တောင်တရုတ်ပင်လယ်ပြင်အတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်လို့ တရုတ်ကာကွယ်ရေးဌာန ပြောခွင့်ရကလည်း ဘေဂျင်းမြို့မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ အောက်တိုဘာလကစလို့ အမေရိကန်စစ်သင်္ဘော ဒုတိယအကြိမ်မြောက် ခုတ်မောင်းသွားခြင်းလည်း ဖြစ်ပါတယ်။

အဲဒီလို ဖြတ်သန်းသွားလာမှုအပေါ် တရုတ်နိုင်ငံအနေနဲ့ ကန့်ကွက်ကြောင်း၊ အမေရိကန်ဘက်က ရန်စတဲ့သေဘာနဲ့ ပြုလုပ်တဲ့ အရာမှန်သမျှအပေါ် တရုတ်စစ်တပ်အနေနဲ့ လုပ်သင့်တာ အားလုံးကို လုပ်ဆောင်သွားမယ်လို့ တရုတ်ကာကွယ်ရေးဌာန ပြောခွင့်ရ Yang Yujun က ပြောပါတယ်။

XS
SM
MD
LG