သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် - အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ပူးပေါင်းဆောင်ရွက်မှုတွေ့ရ


တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ဗုဒ္ဓဟူးနေ့က စတင်တဲ့ တရုတ်နဲ့ အမေရိကန်ကြား နှစ်ပတ်လည်ဆွေးနွေးပွဲမှာ တရုတ်နဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးကိစ္စကို နှစ်ဘက် တာဝန်ရှိသူတွေက အလေးအနက်ထား ပြောခဲ့ကြပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ ထိပ်တိုက် ရင်ဆိုင်တွေ့ကြမယ်ဆိုရင် ဆိုးကျိူးတွေဖြစ်မှာ သေချာတယ်လို့ ၂ ရက်ကျင်းပမယ့် မဟာဗျူဟာနဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲမှာ တရုတ်သမ္မတ Xi Jinping က ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း တရုတ်နဲ့ အမေရိကန်ကြားမှာ ဘုံရပ်တည်ချက် ရအောင် လုပ်နိုင်စွမ်းရှိကြပါတယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်အစိုးရက တရုတ်ကို ထိန်းချုပ်ထားဖို့ ကြိုးစာနေတာမဟုတ်ဘဲ တရုတ်နိုင်ငံ ငြိမ်းချမ်း တည်ငြိမ် သာယာဝပြောဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ခုလို ချစ်ခင်ရင်းနှီးမှုရှိတဲ့ စကားတွေကို ပြောခဲ့ကြပေမဲ့ ၂ နိုင်ငံ တာဝန်ရှိသူတွေကြား သီးသန့် တွေ့ဆုံကြတဲ့အခါ အထိမခံနိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံတွေနဲ့ ရေပိုင်နက် အငြင်းပွားနေတဲ့ကိစ္စ၊ အင်တာနက် ဆက်သွယ်ရေးဆိုင်ရာ Cyber လုံခြုံရေးနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ထောက်လှမ်းတယ်ဆိုတဲ့ အကဲဆတ်တဲ့ ကိစ္စတွေကို ဆွေးနွေးကြမယ်လို့ ခန့်မှန်းရပါတယ်။

XS
SM
MD
LG