သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြု


တရုတ်နိုင်ငံတော်ကောင်စီဝင် Yang Jiechi (ဝဲ) နှင့် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (ယာ)။ အောက်တိုဘာလ ၁၈၊ ၂၀၁၄။
တရုတ်နိုင်ငံတော်ကောင်စီဝင် Yang Jiechi (ဝဲ) နှင့် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (ယာ)။ အောက်တိုဘာလ ၁၈၊ ၂၀၁၄။

အပြန်အလှန်မယုံကြည်တာ၊ ကွဲပြားခြားနားတာ၊ IS အစွန်းရောက်အဖွဲ့တွေ အပါအဝင် အကြမ်းဖက်ဝါဒကို တုံ့ပြန်တိုက်ခိုက်ဖို့အရေး ပူးပေါင်းဆောင်ရွက်တာ၊ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု စတဲ့ကိစ္စတွေကို ကျော်လွှားဖို့လိုတယ်ဆိုတာ အမေရိကန်ပြည်ထောင်နဲ့ တရုတ်နိုင်ငံတို့က အလေးထားပြောကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ တရုတ် နိုင်ငံတော်ကောင်စီဝင် Yang Jiechi တို့ဟာ အာဖဂန်နစ္စတန်၊ အီရန်၊ မြောက်ကိုရီးယားအရေးနဲ့ ရာသီဥတုပြောင်းလဲမှု စတဲ့ကိစ္စရပ်တွေမှာ ပူးတွဲဆောင်ရွက် ဖို့ ဘော်စတွန်မြို့မှာ စနေနေ့က ဒုတိယနေ့မြောက် တွေ့ဆုံပွဲအတွင်း ကတိပြုခဲ့ကြပါတယ်။

နှစ်နိုင်ငံကြား ဆက်ဆံရေးအနေအထားဟာ အကျိုးစီးပွားတူညီတဲ့ နေရာတွေမှာ ပူးတွဲဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေတဲ့တချိန်တည်းမှာ သဘောထားခြင်း မတိုက်ဆိုင်တဲ့ ကိစ္စရပ်တွေအပေါ် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်သွားနိုင်တဲ့အနေအထားမှာ ရှိတယ်ဆိုပြီးတော့လည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေက ပြောပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာနေတဲ့ အနေအထားမှာရှိနေတဲ့ အာရှပစိဖိတ်ဒေသနဲ့ ပတ်သတ်တဲ့ ကိစ္စရပ်တွေမှာလည်း အမေရိကန်နဲ့ တရုတ်တို့ကြား ပူးပေါင်းဆောင်ရွက်ဖို့ ပိုလိုအပ်လာတယ်လို့ တရုတ် နိုင်ငံတော်ကောင်စီဝင် Yang ကပြောပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ လာမယ့်လအတွင်း ကျင်းပမယ့် အာရှ ပစိဖိတ် နိုင်ငံခေါင်းဆောင်တွေ ရဲ့ထိပ်သီးအစည်းအဝေးမတိုင်မီ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ဘော်စတွန်မြို့မှာ တွေ့ဆုံဆွေးနွေးကြတာပါ။

အဲဒီထိပ်သီးအစည်းအဝေးအပြီး အမေရိကန်သမ္မတ Barack Obama နဲ့ တရုတ်သမ္မတ Xi Jinping တို့ နှစ်ဦး တွေ့ဆုံကြဖို့ရှိပါတယ်။

XS
SM
MD
LG