သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား တရုတ် သမ္မတကို အိမ်ဖြူတော်မှာ လက်ခံ ကြိုဆို


သမ္မတ အိုဘားမား တရုတ် သမ္မတကို အိမ်ဖြူတော်မှာ လက်ခံ ကြိုဆို။ (စက်တင်ဘာ ၂၅၊ ၂၀၁၅)
သမ္မတ အိုဘားမား တရုတ် သမ္မတကို အိမ်ဖြူတော်မှာ လက်ခံ ကြိုဆို။ (စက်တင်ဘာ ၂၅၊ ၂၀၁၅)

တရုတ်သမ္မတ ရှီကျင်းပင်ကို အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ သေနတ် ၂၁ ချက် ပစ်ဖေါက် အလေးပြု ပြီး ဂုဏ်ပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တရုတ်နိုင်ငံက အင်တာနက် ဆိုက်ဘာ တိုက်ခိုက်မှုတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေအပေါ် သဘောထား ကွဲလွဲမှုတွေ၊ နောက် တရုတ်နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေ နဲ့ တောင်တရုတ် ပင်လယ် ရေပိုက်နက်ဆိုင်ရာ အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ သမ္မတ ရှီနဲ့ သမ္မတ ဘရက် အိုဘားမားတို့ ဆွေးနွေးမှာပါ။

တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဆက်ဆံရေးဟာ အဆင့်တဆင့်မြှင့်ဖို့ ဆုံချက်ကိုရောက်နေပြီလို့ သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်ကို သွားနေချိန်မှာ စိတ်အားတက်ကြွစွာနဲ့ ပြောဆိုခဲ့ပါတယ်။ ကျနော်တို့ ၂ နိုင်ငံအနေနဲ့ အတူတကွ လက်တွဲ လုပ်ဆောင်နိုင်မယ်ဆိုလျင် လာမယ့် ရာစုနှစ်တွေကို ပုံဖေါ်ဖို့ နှိုင်းယှဉ်လို့ မရတဲ့ စွမ်းဆောင်ရည်တွေ ရှိနေတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒါ့အပြင် ၂ နိုင်ငံကြား အဖုအထစ် ဖြစ်စေတဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပါတ်သတ်ပြီးတော့လည်း သမ္မတက ပြောကြားသွားပါတယ်။ ဒါ့အပြင် စကြသလာလုံးဆိုင်ရာ လူ့အခွင့်အရေးအခြေအနေတွေကို ထိန်းသိမ်းထားနိုင်မယ် ဆိုလျင် နိုင်ငံတွေအနေနဲ့ ပိုပြီး အောင်မြင်လာနိုင်ပြီး ကမ္ဘာကြီးအနေနဲ့ ပိုပြီး တိုးတက်လာနိုင်တယ်လို့လည်း သမ္မတ အိုဘားမားကပြောပါတယ်။

သမ္မတရှီဟာ ဝါရှင်တန်မြို့တော်ကို မရောက်ခင်တုန်းကတော့ ပစိဖိတ် ကမ်းရိုးတန်းမြို့တခုဖြစ်တဲ့ Seattle မြို့ကို အရင်ဝင်ခဲ့ပြီး တရုတ်နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံကြသူတွေ အတွက် ပိုပြီးအဆင်ပြေတဲ့ ဝန်းကျင်တခု ဖန်တီးနိုင်အောင် သူ ကြိုးစားနေတယ်လို့ အမေရိကန် ကုမ္ပဏီတွေကို မစ္စတာရှီက ထပ်လောင်း အလေးပေး ပြောဆိုသွားခဲ့ပါတယ်။

မနေ့က ကြာသပတေးနေ့တုန်းကတော့ အမေရိကန် နဲ့ တရုတ်ခေါင်းဆောင် နှစ်ဦးတို့ဟာ သီးခြား ညစာ စားပွဲတခုမှာ တွေ့ဆုံခဲ့ကြပြီး ၂ နိုင်ငံကြား သဘောထားကွဲပြားမှုတွေနဲ့ ပါတ်သတ်ပြီး ဆွေးနွေးခဲ့တယ်လို့ အိမ်ဖြူတော်အရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG