သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရားကေ ျာင်း သေနတ်သမား စတင် ရုံးထုတ်


ဘုရားကေ ျာင်း သေနတ်သမား စတင် ရုံးထုတ်။ (ဇွန် ၁၉၊ ၂၀၁၅)
ဘုရားကေ ျာင်း သေနတ်သမား စတင် ရုံးထုတ်။ (ဇွန် ၁၉၊ ၂၀၁၅)

တောင်ကာရိုလိုင်းနားပြည်နယ်၊ Charleston မြို့က Emanuel AME ခရစ်ယာန် ဘုရားကျောင်း မှာ သေနတ်နဲ့ပစ်ခတ်မှုနဲ့ စွပ်စွဲခံ ထားရသူကို ဦးတည်ပြီး သေဆုံး သွားသူ ကိုးဦးရဲ့ မိသားစု ဆွေမျိုးသားချင်းတွေက သောကြာနေ့ တရားခွင်မှာ စကား ပြောဆိုခဲ့ကြပါတယ်။

"ရှင်ဟာ ကျမဆီက အင်မတန်တန်ဖိုးကြီးမားတဲ့ တစုံတခုကို ယူသွားတယ်၊ သူ့ကို ကျမ ဘယ်တော့မှ စကားပြောရတော့မှာ မဟုတ်ဘူး၊ သူ့ကို ကျမ ဘယ်တော့မှ ဆုပ်ကိုင်ခွင့် ရတော့မှာမဟုတ်ဘူး" လို့ သေဆုံးသွားသူတွေထဲက တဦးဖြစ်သူ အသက် ၇၀ အရွယ် Ethel Lance ရဲ့သမီးဖြစ်သူက ခံစားချက်မဲ့အမူအရာနဲ့ ရပ်နေတဲ့ သေနတ်သမားလို့ စွပ်စွဲခံထားရသူ Dylann Roof ကိုပြောပါတယ်။

“ဒါပေမဲ့ ဘုရားသခင်က ရှင့်ကို ခွင့်လွှတ်ပါတယ်၊ ကျမ ရှင့်ကို ခွင့်လွှတ်ပါတယ်လို့ နာကျင်ကြေကွဲတဲ့ အသံနဲ့ သူက ဆက်ပြောပါတယ်။ Ethel Lance ဟာ Emanuel ဘုရားကျောင်းရဲ့ ဝေယျာဝစ္စအလုပ်တွေကို လုပ်ကိုင်ပေးသူတဦးပါ။

သေတ္တာလို အခန်းထဲမှာရှိနေတဲ့ Roof ရဲ့ဘေးမှာ လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး ရပ်နေပြီး သူ့ကို ဗွီဒီယို ကင်မရာနဲ့ရိုက်ပြီးတော့ တရားရုံးထဲက တီဗွီပေါ်မှာ ပြထားတာပါ။

လူကိုးဦးကိုသတ်ဖြတ်မှုနဲ့ တရားစွဲခံနေရတဲ့ Roof ဟာ အကျဉ်းထောင်ထဲမှာ ဆက်နေရမှာဖြစ်ပြီး အာမခံပေးဖို့ အစီအစဉ်မရှိဘူး ဆိုတာကို လက်ခံထားပြီးပါပြီ။ လက်နက်မှုဆိုင်ရာ နောက်ထပ် စွဲချက်အတွက် အာမခံငွေ ဒေါ်လာ ၁ သန်း လျာထား သတ်မှတ် ပါတယ်။

သေဆုံးသွားသူ ကိုးဦးကတော့ အသက် ၈၇ နှစ်အရွယ် အဖွားအိုတဦးအပါအဝင် အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၃ ဦး ပါပါတယ်။ တခြားလူသုံးဦးလဲ ဒဏ်ရာရပါတယ်။ အသက် ၂၁ နှစ်အရွယ် Roof ဟာ ကြာသပတေးနေ့က သေနတ်နဲ့ပစ်ပြီးတဲ့ နောက် ကားနဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်ဘက် ထွက်ပြေးရင်း အဖမ်းခံရတာပါ။

သူ့ရဲ့ နောက်တကြိမ် တရားရုံးချိန်းကတော့ အောက်တိုဘာလမှာဖြစ်ပါတယ်။

XS
SM
MD
LG