သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ လူမ်ိဳးတံုးသတ္ျဖတ္မႈျဖစ္လာႏိုင္တဲ႔ အႏၲရာယ္ ရွိ (ကန္ႏိုင္ငံျခားေရးဌာန)


People demonstrate outside the International Court of Justice (ICJ), before the arrival of Myanmar's leader Aung San Suu Kyi for the second day of hearings in a case filed by Gambia against Myanmar alleging genocide against the minority Muslim Rohingya population, in The Hague.

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ႏွစ္စဥ္ထုတျ္ပန္တဲ့ ႏိုင္ငံတကာ လူမ်ိဳးတုန္းသတ္ျဖတ္မႈနဲ႔ ရက္စက္မႈ တားဆီးေရး အစီရင္ခံစာကို တနၤလာေန႔မွာထုတ္ျပန္လိုက္ပါတယ္။
အစီရင္ခံစာထဲမွာ တ႐ုတ္အစိုးရက ဝီဂါမူဆလင္ေတြနဲ႕ အေနာက္ေျမာက္ဖက္ပိုင္း ရွင္က်န္းေဒသကလူနည္းစုေတြကို လူမ်ိဳးတုန္း သတ္ျဖတ္တယ္ဆိုတဲ႕ စြပ္ဆြဲခ်က္ေတြနဲ႔ ပတ္သက္လို႕ ထပ္ေလာင္းေျပာထားလိုက္ပါတယ္။ အီရီထရီးယား၊ အီသီယိုးပီးရား၊ ေတာင္ဆူဒန္နဲ႕ ျမန္မာႏိုင္ငံတို႕မွာလည္း တိုက္ပြဲေတြမွာ လူမ်ိဳးစုလိုက္ရွင္းလင္းဖယ္ရွားမႈေတြ ရွိေနတယ္ဆိုတဲ့အတြက္ စီးပြားေရးပိတ္ဆို႕မႈေတြ ထပ္မံခ်မွတ္သြားဖို႕ရွိတယ္လို႕ လည္းဆိုပါတယ္။
အခုအစီရင္ခံစာထဲမွာပါတဲ့ အေမရိကန္အစိုးရက တ႐ုတ္အစိုးရရဲ႕ ဝီဂါလူနည္းစုေတြအေပၚလုပ္ေဆာင္မႈေတြက လူမ်ိဳးတုးံသတ္ျဖတ္မႈေရာက္ေၾကာင္းနဲ႕ ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာေတြအေပၚ လုပ္ေဆာင္မႈေတြကလညး္ လူမ်ိဳးတုံးသတ္ျဖတ္ရာေရာက္တယ္ဆိုတာေတြကေတာ့ ၿပီးခဲ့တဲ့ ထရမ္႕အစိုးရလက္ထက္က ႏိုင္ငံျခားေရးဝန္ႀကီးဌာန ထုတ္ျပန္တဲ့အစီရင္ခံစာထဲမွာ ပါခဲ့ၿပီးျဖစ္ပါတယ္။
အခုအစီရင္ခံစာထဲမွာေတာ့ ျမန္မာႏိုင္ငံဟာ လူမ်ိဳးတံုးသတ္ျဖတ္မႈ ျဖစ္ႏိုင္တဲ့ အႏၱရယ္အမ်ားဆံုးႏိုင္ငံထဲမွာပါေနၿပီး အေမရိကန္အစိုးရအေနနဲ႔ မဟာမိတ္ႏိုင္ငံေတြနဲ႔ ပူးေပါင္းၿပီး စစ္အစိုးရကို ေဖေဖာ္ဝါရီလ အာဏာသိမ္းၿပီးကတည္း လူေတြအေပၚႏွိပ္စက္တာ၊ အတိုက္အခံေတြအေပၚ ႏွိပ္ကြက္မႈေတြကို ရပ္တန္႕ဖို႕ဖိအားေပးသြားမယ့္အျပင္ ႐ိုဟင္ဂ်ာေတြအေပၚ အၾကမ္းဖက္မႈေတြ ရပ္တန္႕ဖို႕အတြက္လည္း ဖိအားေပးသြားမယ္လို႕ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------------------------------------

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်လာနိုင်တဲ့ အန္တရာယ် ရှိ (ကန်နိုင်ငံခြားရေးဌာန)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုြတ်ပန်တဲ့ နိုင်ငံတကာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ရက်စက်မှု တားဆီးရေး အစီရင်ခံစာကို တင်္နလာနေ့မှာထုတ်ပြန်လိုက်ပါတယ်။
အစီရင်ခံစာထဲမှာ တရုတ်အစိုးရက ဝီဂါမူဆလင်တွေနဲ့ အနောက်မြောက်ဖက်ပိုင်း ရှင်ကျန်းဒေသကလူနည်းစုတွေကို လူမျိုးတုန်း သတ်ဖြတ်တယ်ဆိုတဲ့ စွပ်ဆွဲချက်တွေနဲ့ ပတ်သက်လို့ ထပ်လောင်းပြောထားလိုက်ပါတယ်။ အီရီထရီးယား၊ အီသီယိုးပီးရား၊ တောင်ဆူဒန်နဲ့ မြန်မာနိုင်ငံတို့မှာလည်း တိုက်ပွဲတွေမှာ လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားမှုတွေ ရှိနေတယ်ဆိုတဲ့အတွက် စီးပွားရေးပိတ်ဆို့မှုတွေ ထပ်မံချမှတ်သွားဖို့ရှိတယ်လို့ လည်းဆိုပါတယ်။
အခုအစီရင်ခံစာထဲမှာပါတဲ့ အမေရိကန်အစိုးရက တရုတ်အစိုးရရဲ့ ဝီဂါလူနည်းစုတွေအပေါ်လုပ်ဆောင်မှုတွေက လူမျိုးတုးံသတ်ဖြတ်မှုရောက်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လုပ်ဆောင်မှုတွေကလည်း လူမျိုးတုံးသတ်ဖြတ်ရာရောက်တယ်ဆိုတာတွေကတော့ ပြီးခဲ့တဲ့ ထရမ့်အစိုးရလက်ထက်က နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ ပါခဲ့ပြီးဖြစ်ပါတယ်။
အခုအစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်နိုင်တဲ့ အန္တရယ်အများဆုံးနိုင်ငံထဲမှာပါနေပြီး အမေရိကန်အစိုးရအနေနဲ့ မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး စစ်အစိုးရကို ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်း လူတွေအပေါ်နှိပ်စက်တာ၊ အတိုက်အခံတွေအပေါ် နှိပ်ကွက်မှုတွေကို ရပ်တန့်ဖို့ဖိအားပေးသွားမယ့်အပြင် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့အတွက်လည်း ဖိအားပေးသွားမယ်လို့ သိရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG