သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Jihad ဘာသာရေးစစ်ပွဲဆင်ဖို့ ကြိုးစားသူ အမေရိကန်ကို ဖမ်းဆီး

Foreign Surveillance FBI
Foreign Surveillance FBI

အာဖရိကတိုက်မှာ အခြေစိုက်တဲ့ al Shabaab အကြမ်းဖက်အဖွဲ့ထဲဝင်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကန်မဟာမိတ်တွေကို တိုက်ခိုက်ဖို့ ကြိုးစားသူ အမေရိကန်နိုင်ငံသားတယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၇ ရက်က အစ္စရေးအပေါ် Hamas စစ်သွေးကြွတွေ တိုက်ခိုက်ခဲ့တာကို အားကျပြီး အသက် ၂၃ နှစ်အရွယ် Karrem Nasr ဟာ al Shabaab အဖွဲ့အခြေစိုက်တဲ့ Somalia နိုင်ငံကို အသွား Kenya နိုင်ငံ Nairobi မြို့တော်မှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စု အစိုးရရှေ့နေတွေက ပြောပါတယ်။

အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ al Shabaab အဖွဲ့ဆီမှာ သင်တန်းသွားတက်ပြီး အမေရိကန်နဲ့ မဟာမိတ်တွေ သေကြေပျက်စီးအောင် Jihad ဘာသာရေးစစ်ပွဲ ဆင်နွှဲဖို့ Karrem Nasr သန္နိဋ္ဌာန်ချထားတဲ့တယ်လို့ အစိုရရှေ့နေ Damian Williams ကပြောပါတယ်။
အမေရိကန်တွေဟာ ဆိုးယုတ်ပြီး ကလိမ်ကကျစ်ကျသူတွေလို့ Karrem Nasr ကိုယ်တိုင်ပြောဆိုခဲ့တယ်လို့လည်း ရှေ့နေ Williams ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အသေခံပြီး Jihad ဘာသာရေးစစ်ပွဲဆင်နွဲဖို့ သူစဉ်းစားနေတာ ကြာပြီဖြစ်ပြီး အောက်တိုဘာ ၇ ရက် ဖြစ်ရပ်နောက်ပိုင်း လက်တွေ့ကြိုးစားခဲ့တဲ့အကြောင်း FBI ရဲ့ စုံစမ်းမှုတွေအရ သိခဲ့တာဖြစ်ပါတယ်။

New Jersey မြို့ကနေ အီဂျစ်နိုင်ငံမှာ ၂၀၂၃ July ကထဲ ပြောင်းရွှေ့နေထိုင်နေတဲ့ Karrem Nasr ကို ဒီဇင်ဘာ ၁၄ ရက်နေ့က Kenya နိုင်ငံ ဖမ်းမိခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အမေရိကန်ကို ပြန်ခေါ်လာခဲ့တာပါ။ နိုင်ငံခြားအကြမ်းဖက်အဖွဲ့ကို အထောက်အပံ့ပေးဖို့ ကြိုးပမ်းမှုနဲ့ New York မြို့ ပြည်ထောင်စုတရားရုံးမှာ တရားစွဲထားပါတယ်။

Hamas အဖွဲ့လုပ်ရပ်ကို အားကျပြီး အမေရိကန်နိုင်ငံသားတွေ ထိခိုက်အောင်လုပ်မယ့်သူ ဘယ်သူကိုမဆို ပြည်တွင်းမှာတင်မက ပြည်ပမှာပါ ဖော်ထုတ် ဖမ်းဆီးသွားမယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောကြားခဲ့ကြပါတယ်။

This item is part of
XS
SM
MD
LG