သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲရစ်သဘောတူစာချုပ်က ကန်တရားဝင်နုတ်ထွက်ရေး၊ ကုလကိုအကြောင်းကြား


ကုလသမဂ္ဂထိပ်သီး ညီလာခံ (စက်တင်ဘာ ၂၀၁၇)
ကုလသမဂ္ဂထိပ်သီး ညီလာခံ (စက်တင်ဘာ ၂၀၁၇)

အမေရိကန်ပြည်ထောင်စုအနေနဲ့ ရာသီဥတုဆိုင်ရာ ပဲရစ်သဘောတူညီချက်ကို အသစ်ပြန်လည်ဆွေးနွေးဖို့အတွက် သင့်တော်တဲ့ စည်းကမ်းချက်တွေ မရမချင်း၊ ဒီသဘောတူညီချက်ကနေ နှုတ်ထွက်သွားချင်တယ်ဆိုတာနဲ့ ပတ်သက်တဲ့ အကြောင်းကြားတဲ့စာကို ရရှိခဲ့တယ်လို့ ကုလသမဂ္ဂက အတည်ပြုလိုက်ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres အနေနဲ့လည်း - ပဲရစ်သဘောတူညီချက်ကို ပြန်ပြီး စေ့စပ်ဆွေးနွေးဖို့အတွက် အမေရိကန်ရဲ့ကြိုးပမ်းချက်ကို ကြိုဆိုသွားမှာဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujurric က ပြောလိုက်ပါတယ်။

အမေရိကန်အနေနဲ့ ဒီသဘောတူညီချက်ကနေ နှုတ်ထွက်ဖို့အတွက် အနည်းဆုံး ၃ နှစ်လောက်အချိန်ကြာမြှင့်မယ်လို့ ခန့်မှန်းရပြီး၊ ဒီအတောအတွင်း ကျင်းပသွားမယ့် နိုင်ငံတကာရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွေကို ဆက်ပြီးပါဝင်သွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကပြောပါတယ်။ ဒီညှိနှိုင်းဆွေးနွေးမှုတွေမှာ အမေရိကန်ရဲ့ ပါဝင်ဆွေးနွေးမှု အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်သွားစေမှာဖြစ်ပြီး၊ အမေရိကန်အစိုးရရဲ့ အနာဂတ်မူဝါဒတွေမှာ အဟန့်အတားမဖြစ်စေဖို့အတွက် ဖြစ်တယ်လို့ ကြေငြာချက်ထဲမှာ ပြောထားပါတယ်။ အမေရိကန်အနေနဲ့ ရာသီဥတုဆိုင်ရာမူဝါဒနဲ့ ပတ်သက်ပြီး မျှတတဲ့ချဉ်းကပ်မှုကို ထောက်ခံကြောင်း၊ အဲဒါကတော့ စီးပွားရေးကြီးထွားမှုကို မြင့်တင်ပြီး စွမ်းအင်လုံခြုံမှုရှိဖို့ သေချာအောင်လုပ်နေတဲ့တချိန်တည်းမှာပဲ၊ ဖန်လုံအိမ်ဓါတ်ငွေ့ကို လျှော့ချသွားတာဖြစ်ပါတယ်။ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ၊ အလုပ်သမားတွေ ၊ ပြည်သူတွေနဲ့ အခွန်ထမ်းတွေအပေါ်မှာ ပိုပြီး အလေးပေးတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ရခဲ့မယ်ဆိုရင် အမေရိကန်အနေနဲ့ ပဲရစ်သဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းဆွေးနွေးဖို့ အတွက် သမ္မတထရမ့်က လမ်းဖွင့်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG