ဥတုရာသီဖေါက်ပြန်ပြောင်းလဲမှုတွေရဲ့ဒဏ်ကြောင့် အမေရိကန်ပြည်ထောင်စုအတွင်း တောမီးလောင် တာတွေ၊ မိုးခေါင် ရေရှားမှုတွေနဲ့ အားပြင်းတဲ့မုန်တိုင်းတွေအပါအဝင် သဘာဝဘေးအန္တရယ်တွေ ရင်ဆိုင်နေရတယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်တဲ့ အစီရင်ခံစာတစောင်မှာဖေါ်ပြထားပါတယ်။
အစိုးရဌာန တဒါဇင်ကျော်ရဲ့အကူအညီနဲ့ရေးသားထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာဟာ သမ္မတဒေါ်နလ် ထရမ့်ရဲ့ မူဝါဒတွေနဲ့တော့ ဆန့်ကျင်နေတာပါ။ လွှတ်တော်ရဲ့အမိန်နဲ့ရေးသား ထုတ်ပြန်ထားတဲ့ ဒီအစီရင်ခံစာဟာ ကျေးဇူးတော်နေ့ အားလပ်ရပ်နေ့တွေမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ မနေ့ကထွက်ခဲ့ တာပါ။ အိမ်ဖြူ တော်ကတော့ ဒီအစီရင်ခံစာအပေါ်တုံ့ပြန်ချက်မပေးသေးပါဘူး။
စာမျက်နှာပေါင်း ၁,၀၀၀ ကျော်ပါတဲ့ အမေရိကန် ရာသီဥတုပြောင်းလဲမှုဆိုင်ရာခန့်မှန်းချက် အစီရင်ခံစာမှာ သတိပေးထားတာက ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပိုပြင်းထန်ပြီး အချိန်ပိုကြာမယ့် သဘာဝဘေးအန္တရာယ်တွေ ကြုံရဦးမယ်ဆိုတာပါပဲ။ ဒီလိုဖြစ်လာနိုင်တဲ့အခြေအနေတွေအတွက် ထိရောက်တဲ့ဆောင်ရွက်မှုတွေမရှိရင်တော့ ပိုပြီးဆိုးဝါးတဲ့အဖြစ်တွေကြံရလိမ့်မယ်လို့လည်း အစီရင်ခံစာကသတိပေးထားပါတယ်။
ဒီလိုအဖြစ်ဆိုးတွေကိုရှောင်ရှားနိုင်အောင်မူဝါဒချမှတ်ပြီးလုပ်ဆောင်ဖို့လိုတယ်လို့လည်း အစီရင်ခံစာက တိုက် တွန်းပါတယ်။ ဒီအစီရင်ခံစာထွက်ပေါ်လာရေးလုပ်ဆောင်ကြတဲ့ အစိုးရအဖွဲ့အစည်း ၁၃ ခုထဲမှာ စိုက်ပျိုးရေး ဝန်ကြီးဌာနနဲ့ အာကာသစူးဆန်းလေ့လာရေးအဖွဲ့ NASA နဲ့ သုတေသီ ၃၀၀ ကျော်ပါဝင်ပြီး ပြုစုထားတာပါ။