သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာရီ တီထွင်သူ ကျောင်းသားလေး သမ္မတ အိမ်ဖြူ ကို ဖိတ်ကြား


နာရီတီထွင်သူ ကျောင်းသားလေး Ahmed Mohamed။ (စက်တင်ဘာ ၁၇၊ ၂၀၁၅)
နာရီတီထွင်သူ ကျောင်းသားလေး Ahmed Mohamed။ (စက်တင်ဘာ ၁၇၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စု Texas ပြည်နယ်မှာ အိမ်မှာ တီထွင်ထားတဲ့ နာရီ တလုံး ကျောင်းကို ယူသွားခဲ့လို့ အဖမ်းခံခဲ့ရတဲ့အသက် ၁၄ နှစ်အရွယ် မူဆလင် ကျောင်းသားလေးကို သမ္မတအိုဘားမားက အိမ်ဖြူတော်ကို လာရောက်ဖို့ ဖိတ်ကြားလိုက်ပါတယ်။

Texas ပြည်နယ် Dallas အထက်တန်းကျောင်းက ကိုးတန်းကျောင်းသား Ahmed Mohamed ဟာ သူ့ အိမ်မှာ တီထွင်ထားတဲ့ Circuit Board နဲ့ ဝါယာတွေ ဆင်ထားတဲ့ နာရီကို တနလာၤနေ့က ကျောင်းကို ယူလာတဲ့အချိန်၊ သူ့ရဲ့ အင်္ဂလိပ်စာဆရာမက ဗုံးလို့ ထင်ပြီး ရဲကို အကြောင်းကြားခဲ့တာတာကြောင့် ယာယီ ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီဖြစ်ရပ်ဟာ အမေရိကန်ပြည်ထောင်စုအတွင်း လူနည်းစုတွေနဲ့ မူဆလင်တွေကို ကြောက်ရွံ့မုန်းတီးစိတ်ကို အခြေခံတဲ့ ခွဲခြားဆက်ဆံမှုဆိုပြီး ဝေဖန်ပြစ်တင်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အခုတော့ Ahmed Mohamed ကို သမ္မတအိုဘားမားက ရှေ့လ ၁၉ ရက်၊ အိမ်ဖြူတော် မျက်ခင်းပြင်မှာ ကျင်းပမယ့် ကြယ်တွေစုံတာကို ကြည့်မယ့် ည အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားလိုက်ပါတယ်။ တခြား သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ အာကသယာဉ်မှုးတွေ ကျောင်းသူကျောင်းသားတွေနဲ့အတူ အခမ်းအနားကို တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

သူ့ကို ဒီမိုကရက်ပါတီတွင်း သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့် ဟီလာရီကလင်တန်က ထောက်ခံထားသလို၊ Facebook ကို တည်ထောင်သူ Mark Zuckerberg ကလည်း ဖိတ်ကြားထားပါတယ်။

တခြား ကျောင်းသားတွေကိုလည်း Ahmed Mohamed လို သိပ္ပံပညာကို စိတ်ဝင်စားအောင် တိုက်တွန်းဖို့ လိုမယ့်အကြောင်းနဲ့ ဒီလို တိုက်တွန်းနိုင်မှာလည်း အမေရိကန်ပြည်ထောင်စုကို ကြီးမြတ်တဲ့ နိုင်ငံတခုဖြစ်အောင် တည်ဆောင်နိုင်မှာ ဖြစ်တဲ့အကြောင်း သမ္မတအိုဘားမားက Twitter လူမှုကွန်ယက်ကတဆင့် ချီးကျုးပြောဆိုထားပါတယ်။

XS
SM
MD
LG