သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ကုဋေကြွယ်သူဌေးကြီးက ကောလိပ်ဘွဲ့ယူကျောင်းသား ၄၀၀ အတွက် ပညာသင်စရိတ်ချေးငွေ ဒေါ်လာသန်း ၄၀ ပေးချေမည်


 Morehouse College က ဘွဲ့ရကျောင်းသားများ
Morehouse College က ဘွဲ့ရကျောင်းသားများ

အမေရိကန် ပြည်ထောင်စု တောင်ပိုင်း Atlanta မြို့က Morehouse College က ဘွဲ့ရကျောင်းသား ၄၀၀ နီးပါးကတော့ ဘယ်လိုမှ မျှော်လင့်မထားတဲ့ ရက်ရောလှတဲ့ လက်ဆောင်တခုကို တနင်္ဂနွေနေ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ရရှိခဲ့ပါတယ်။

နည်းပညာကဏ္ဍ ရင်းနှီးမြှုပ်နှံသူ၊ အလှူရှင် ဘီလီယံနာ Robert Smith က ဘွဲ့ယူကျောင်းသားအားလုံးရဲ့ ကျောင်းစရိတ် ချေးငွေအားလုံးကို သူ ပေးချေမယ်လို့ ပြောဆိုလိုက်တာပါ။

ဒီနှစ် အတွက် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မိန့်ခွန်းပြောတဲ့ Vista Equity Partners လုပ်ငန်းကြီးရဲ့ တည်ထောင်သူနဲ့ အမှုဆောင် အရာရှိချုပ် Smith က အခုလို ပြောလိုက်ချိန်မှာတော့ ကျောင်းသားတွေရော၊ ဆရာ၊ ဆရာမတွေရော အားလုံး ရုတ်တရက် အံ့သြငြိမ်သက်သွားခဲ့ကြပြီး နောက်မှ သဘောပေါက် နားလည်သွားချိန်မှာတော့ ဘွဲ့ရကျောင်းသားတွေရော ဆရာ ၊ ဆရာမတွေပါ ခုန်ပေါက် အော်ဟစ်ခဲ့ကြပါတယ်။

အခမ်းအနား မစခင်မှာဘဲ ကျောင်းအတွက် ဒေါ်လာ ၁သန်းခွဲ ပေးလှုမယ့် အကြောင်း Smith က ကြေညာခဲ့တာပါ။ ၂၀၁၉ ခုနှစ် ဘွဲ့ရ ကျောင်းသား အားလုံးရဲ့ ကျောင်းကြွေးတွေ အားလုံး ပေးချေဖို့ကတော့ ဒေါ်လာ သန်း ၄၀ လောက် ကုန်ကျမှာ ဖြစ်ပါတယ်။

XS
SM
MD
LG