သုံးရလွယ်ကူစေသည့် Link များ

လူမှောင်ခိုကူးတဲ့ ကိစ္စ မြန်မာကို အမေရိကန် စောင့်ကြည့်


လူကုန်ကူးမှုတိုက်ဖျက်ရေး ပိုစတာ။
မြန်မာနိုင်ငံဟာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အတင်းအဓမ္မ အလုပ်ခိုင်းစေတာနဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ ကို လိင်လုပ်ငန်းအတွက် တခြားနိုင်ငံတွေဆီ မှောင်ခိုကူးတဲ့ အရင်းအမြစ်နိုင်ငံတခုအဖြစ် ရှိနေတယ်လို့ အမေရိကန်ပြည်ထောင်စုကပြောပါတယ်။ လူမှောင်ခိုကူးမှုဆိုင်ရာ ၂၀၁၄ ခုနှစ် အစီရင်ခံစာ ဒီကနေ့ထွက်လာတာမှာ မြန်မာနိုင်ငံကို စောင့်ကြည့် ရမယ့်နိုင်ငံတွေ စာရင်းထဲမှာ အမေရိကန်နိုင်ငံခြားရေးဌာနက ဆက်ပြီး သတ်မှတ်ထားပါတယ်။

လူမှောင်ခိုကူးမှု ပပျောက်ေ၇းအတွက် အနိမ့်ဆုံး လိုက်နာ လုပ်ဆောင်ရမှာတွေကို မြန်မာအစိုးရက အပြည့်အ၀ မလုပ်ဆောင်ပေ မယ့် သိသာတဲ့ ကြိုးပမ်းအားထုတ်မှုတွေကို လုပ်နေတယ်လို့တော့ အစီရင်ခံစာက အသိအမှတ်ပြုထားပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံ၊ မလေးရှား၊ ဗင်နီဇွဲလားနဲ့ ဂမ်ဘီယာနိုင်ငံတွေ ကိုတော့ အနိမ့်ဆုံးအဆင့်မှာ ထည့်သွင်း သတ်မှတ် ထားတာကြောင့် အဲဒီနိုင်ငံတွေဟာ အီရန်၊ ဆီးရီးယား၊ မြောက်ကိုရီးယားနိုင်ငံတွေနဲ့ တတန်းထဲဖြစ်သွားပြီး ဒဏ်ခတ် အရေးယူခံ ရမယ့် အလားအလာရှိသွားပါတယ်။

လူမှောင်ခိုကူးမှုကို အပြစ်ပေး အရေးမယူဘဲထားတာမျိုး မလုပ်နိုင်ဘူးလို့ ဒီကနေ့ အစီရင်ခံစာထုတ်ပြန်ချိန်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက ပြောခဲ့ပါတယ်။
XS
SM
MD
LG