သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးစောင့်ဥပဒေ မူကြမ်းတွေအပေါ် အမေရိကန် အထူးစိုးရိမ်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Jen Psaki (ဓာတ်ပုံ - State Dept. video)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Jen Psaki (ဓာတ်ပုံ - State Dept. video)
မြန်မာနိုင်ငံတွင်း ဘာသာကူးပြောင်းမှုဆိုင်ရာ ဥပဒေကြမ်း ထွက်လာတဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အလွန်အမင်း စိုးရိမ်မကင်းဖြစ်တဲ့ အကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရရုံးက ထုတ်ပြန်ပါတယ်။

ဘာသာခြားချင်း လက်ထပ်ထိမ်းမြားမှုကို ဥပဒေအရ ကန့်သတ် လုပ်ဆောင်ချက် မှန်သမျှကို အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆန့်ကျင်တဲ့အကြောင်း ပြော ထားပါတယ်။ ဒီလိုလုပ်ရပ်မျိုးတွေဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ အစိုးရရဲ့ ကြိုးပမ်း အားထုတ်မှုနဲ့လည်း ကိုက်ညီမှု မရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင်း အစိုးရခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်တွေအနေနဲ့ အခြေအနေတွေအပေါ် သတိထားဆောင်ရွက်ပြီး ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းကြဖို့ကိုလည်း တိုက်တွန်းတဲ့အကြောင်း ဖော်ပြပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်ကို ထိခိုက်စေမယ့် အခြားဥပဒေ မူကြမ်းတွေအပေါ်မှာ အထူးပဲ စိုးရိမ်မကင်းတဲ့ အကြောင်းကိုလည်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတွင်း မျိုးစောင့်ဥပဒေဆိုပြီး လူသိများတဲ့ ဥပဒေမူကြမ်းတွေကို အစိုးရအဖွဲ့က ရေးဆွဲနေရာမှာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကိုတော့ သာသနာရေးဝန်ကြီးဌာနက ရေးဆွဲပြီး၊ လွှတ်တော်ကို တင်ပြထားပြီး ဖြစ်ပါတယ်။ ဒီ ဥပဒေကြမ်းအရ ဆိုရင်တော့ ဘာသာကူးပြောင်းလိုသူ၊ ဘာသာခြားနဲ့ ထိမ်းမြားလိုသူတွေအနေနဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ခွင့်ပြုချက်ယူရမှာဖြစ်ပြီး၊ မလိုက်နာရင် ထောင်ဒဏ်ရော ငွေဒဏ်ပါ အရေးယူခံရမှာ ဖြစ်ပါတယ်။
XS
SM
MD
LG