သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း အာဏာသိမ်းမှု အမေရိကန် ဝေဖန်


စစ်အာဏာသိမ်းပြီးနောက် ထိုင်းစစ်တပ်ဝင်း လုံခြုံရေး ထူထပ် (မေမ ၂၂၊ ၂၀၁၄)
စစ်အာဏာသိမ်းပြီးနောက် ထိုင်းစစ်တပ်ဝင်း လုံခြုံရေး ထူထပ် (မေမ ၂၂၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စု အနေနဲ့ စိတ်ပျက်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပြီး အခုလို အာဏာသိမ်းဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘူးလို့ ဆိုပါတယ်။

ဝါရင့် ထိုင်းနိုင်ငံရေးသမားတွေကို စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထား လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ်မှာ စိုးရိမ် ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ကြာသပတေးနေ့ မှာ ကြေငြာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အဲဒီလူတွေကို ချက်ချင်း ပြန်လွတ်ပေးပြီး ဒီမိုကရေစီ စနစ်ကို ပြန်အသက်သွင်း ဖို့ တောင်းဆိုလိုက်ပါတယ်။

စစ်တပ်က အခုလို အာဏာသိမ်းလိုက်တဲ့အတွက် ထိုင်းစစ်တပ်နဲ့ အမေရိကန် အစိုးရရဲ့ ဆက်ဆံရေးကို ဆိုးကျိုးတွေ သက်ရောက်စေလိမ့်မယ်လို့လည်း ဝန်ကြီးကယ်ရီက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီး ၂ ရက်အကြာမှာ စစ်တပ်က အာဏာသိမ်းလိုက်ကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ် Prayuth Chan-Ocha က ရုပ်မြင်သံကြားကတဆင့် မနေ့က ကြေညာအပြီး နာရီပိုင်းအကြာမှာပဲ ဝန်ကြီးကယ်ရီက ဝါရှင်တန်ဒီစီမြို့မှာ အဲဒီလို ပြောကြားလိုက်တာပါ။

ထိုင်းနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို ယာယီရပ်ဆိုင်းလိုက်တာဟာ အခြေအနေတွေ ပြန်လည် တည်ငြိမ်လာအောင် လုပ်ဆောင်ဖို့ အတွက်ဖြစ်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ ယာယီဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့အနေနဲ့လည်း စစ်တပ်မှာ လာသတင်းပို့ကြဖို့ ကာကွယ်ရေးဦးစီးချုပ် Prayuth Chan-Ocha က အမိန့် ထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG