သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ပြည်တွင်းစစ်ကာလ တောင်ပိုင်းတပ် ဗိုလ်ချုပ်ကြီးတွေရဲ့ရုပ်တု ဖယ်ရှားခံရ


ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီး Robert E. Lee ရဲ့ ရုပ်တု။ (ဇူလိုင် ၁၀၊ ၂၀၂၁)
ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီး Robert E. Lee ရဲ့ ရုပ်တု။ (ဇူလိုင် ၁၀၊ ၂၀၂၁)

(Zawgyi / Unicode)

အမေရိကန် ပြည်တွင်းစစ်ကာလက တောင်ပိုင်းခွဲထွက်ရေးတပ်တွေရဲ့ ဗိုလ်ချုပ်ကြီး Robert E. Lee ရဲ့ ရုပ်တုနဲ့ တချိန်က သူ့ရဲ့ ညာလက်ရုံးလို့ ခေါ်ခဲ့သူ ဗိုလ်ချုပ်ကြီး Thomas "Stonewall" Jackson တို့ရဲ့ ရုပ်တုတွေကို စနေနေ့က ဖယ်ရှားလိုက်ပါပြီ။ ဗာဂျီးနီးယားပြည်နယ် Charlottesville မြို့လယ်က ပန်းခြံ ၂ ခုတွင်းကနေ တောင်ပိုင်းခွဲထွက်ရေး ဗိုလ်ချုပ်ကြီး ၂ ဦးရဲ့ ရုပ်တုတွေကို ဖယ်ရှားတာမှာ လမ်းမတွေပေါ်မှာ ရာနဲ့ချီတဲ့ လူထုက ကြွေးကြော် အားပေးခဲ့ကြပါတယ်။

“စစ်ပွဲကို တိုက်ခိုက် အောင်မြင်ပြီးနောက် ရန်ဘက်တပ်တွေကို ဦးဆောင်ခဲ့ကြသူတွေရဲ့ အထိမ်းအမှတ် လုပ်ထားတယ်ဆိုတာ ဘယ်လိုမှ အဓိပ္ပာယ် မရှိပါဘူး။ လူမျိုးရေး ခွဲခြားမှုကိုသာ အမှတ်ရစေပါတယ်။” လို့ Charlottesville က ခရစ်ယာန် သင်းအုပ်ဆရာ Marvin Morgan က ပြောခဲ့တာပါ။

ဒါဟာ သမိုင်းဝင်အခိုက်အတန့်လို့လည်း ရုပ်တုတွေဖယ်ရှားရေး နှစ်နဲ့ချီပြီး ဥပဒေကြောင်းအရရော လူမှုအသိုင်းအဝန်းကြားမှာပါ အချေအတင် ဖြစ်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း လူဖြူကြီးစိုးရေးဝါဒီတွေနဲ့ လက်ဝဲဝါဒီ တက်ကြွလှုပ်ရှားသူတွေကြား အဓိကရုဏ်း ဖြစ်ပွားရာက ဆန္ဒပြသူတဦး သေဆုံးခဲ့ရပြီးနောက် ၄ နှစ်အကြာမှာပဲ ရုပ်တုတွေကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)





XS
SM
MD
LG