သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီal-Shabab ခေါင်းဆောင် သေဆုံးကြောင်း ကန် အတည်ပြု


ဆိုမာလီးယားနိုင်ငံ အကြမ်းဖက် စစ်သွေးကြွအဖွဲ့ al-Shabab။
ဆိုမာလီးယားနိုင်ငံ အကြမ်းဖက် စစ်သွေးကြွအဖွဲ့ al-Shabab။

ဆိုမားလီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် လေကြောင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သွေးကြွအဖွဲ့ al-Shabab ခေါင်းဆောင် Ahmed Abdi Godane သေဆုံးသွားကြောင်း အမေရိကန် အရာရှိတွေက အတည်ပြု ပြောဆို ပါတယ်။ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန် စစ်ဆင်ရေးကြောင့် Godane သေဆုံးသွားခြင်းဖြစ်ကြောင်း ပင်တဂွန်ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ် John Kirby က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ဆိုမားလီးယားတောင်ပိုင်းမှာ al-Shabab အဖွဲ့ စည်းဝေးပွဲလုပ်နေတဲ့အချိန် အမေရိကန် မောင်းသူမဲ့ယာဉ်က ဒုံးကျည်နဲ့ ပစ်ခတ်လိုက်တာ ဖြစ်တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ Al-Shabab အဖွဲ့ အားနည်းသွားအောင် အမေရိကန် အနေနဲ့ အမြဲတမ်း ကြိုးပမ်း ဆောင်ရွက်နေခဲ့ကြောင်း သမ္မတ Barack Obama ကလည်း သောကြာနေ့မှာ ပြောပါတယ်။

အမေရိကန်က အခုလို ခေါင်းဆောင်ကို သတ်ဖြတ်လိုက်နိုင်တာဟာ al-Shabab အဖွဲ့အတွက် အထိနာစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တခြား ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး Steve Warren ကလည်း ဗွီအိုအေကို ပြောပါတယ်။

ဆိုမားလီးယားအစိုးရက Godane ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို လက်ထောက်ချပေးခဲ့တာဖြစ်ပြီး ဝင်ရောက် တိုက်ခိုက်ခွင့်လည်း ပြုခဲ့ကြောင်း ဆိုမားလီး ဝန်ကြီးချုပ် Abdiweli Sheikh Ahmed က ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG